ပညာလည်းသင် စာပေမှတ်သား အနာဂတ်အတွက် အလေးထား အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား (National Complaints Mechanism-NCM)ဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိ

ပညာလည်းသင် စာပေမှတ်သား အနာဂတ်အတွက် အလေးထား


Ministry of Information/ Naypyitaw / September 19, 2024
image_latest


ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအခြေအနေအရ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ အဆက်မပြတ်လိုအပ်လျက်ရှိသည်။ ခေတ်မီတိုးတက်ပြီး အဆင့်အတန်းမြင့်မားသော နိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပညာရည် တိုးတက်မြင့်မားရေးသာမက စဉ်းစားဆင်ခြင်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားမြင့်မားသော နိုင်ငံသားများလိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံအများသည် ပညာရေးကိုအခြေခံသည့် လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်လျက်ရှိသည်။

မျက်မှောက်ကာလ ပညာခေတ်တွင် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ရန်သာမက စွန့််ဦးတီထွင် ကြံဆဖန်တီးနိုင်သည့် IT နည်းပညာ၊ AI နည်းပညာများပါ တတ်မြောက်ရန် လိုအပ်လာသည်။ အဆင့်မြင့်နည်းပညာများ တတ်မြောက်ရန်အတွက် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အနည်းဆုံး KG+9 အထိ မဖြစ်မနေ သင်ကြားတတ်မြောက်ထားရန်လိုအပ်သည်။ တစ်နည်းဆိုလျှင် အခြေခံပညာအလယ်တန်းအထိ သင်ကြားတတ်မြောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ပညာတတ်မှသာ အတွေးအခေါ်များ တိုးတက်ကောင်းမွန်လာပြီး စဉ်းစားဆင်ခြင်တုံတရားများလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာသင်ကြားမှုနှင့် ပညာတတ်များ အလွန်အားနည်းနေ သေးသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ညောင်ဦးခရိုင်တွင် လူဦးရေ ငါးသိန်းကျော်ခန့်ရှိသော်လည်း ကျောင်းသား ကျောင်းသူဦးရေမှာ ၁၇ ရာခိုင်နှုန်းကျော်သာရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးနေသည်။ အထက်တန်းအဆင့်အထိ တက်ရောက်သည့် ဦးရေမှာလည်း ၁၂ ဒသမ ၈၈ ရာခိုင်နှုန်းသာရှိသဖြင့် တန်းစဉ်ကူးပြောင်းမှုတွင် အလွန်နည်းပါးနေသည်။ အလားတူ အခြားဒေသများတွင်လည်း ပညာသင်ကြားမှုတွင် အားနည်းချက်များရှိနေသည်။ ထို့ကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လိုသည်။ ပညာသင်ကြားရေးသာမက အသိပညာပေးခြင်း၊ ထိန်းကျောင်းတည့်မတ် လမ်းညွှန်ပြသခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လူမှုရေးဦးတည်ချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပညာသင်ကြားရေးသာမက အသိပညာဗဟုသုတကြွယ်ဝပြီး အနာဂတ်ကိုပုံဖော်ထုဆစ်နိုင်သူများ ဖြစ်လာစေရေးအတွက် ကျောင်းနေစဉ်ကတည်းက လမ်းကြောင်းတည့်မတ် ထိန်းကျောင်းပေးနိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကောင်းမွန်သော နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ရေးတွင် ပညာတတ်မြောက်ရေးသာမက အသိပညာဗဟုသုတများကြွယ်ဝပြီး ဆင်ခြင်တုံတရားမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာလ ၁၆ ရက်နေ့က ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် “ပညာရည်မြင့်မားရေးသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့်ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်စေနိုင်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန်” မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရက ပညာရေးကိုအားပေးမြှင့်တင်ချိန်တွင် တစ်ဖက်ကလည်း အသိပညာဗဟုသုတနှင့် တွေးခေါ်မြော်မြင်မှုမြင့်မားစေရန်အတွက် စာဖတ်ရှိန် မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင်တော့သည့်အရွယ်သို့ ရောက်ရှိနေသူများအနေဖြင့် ဘဝတိုးတက်ရေးအတွက် သိရှိရန်လိုအပ်သည့် အသိပညာများ၊ အတတ်ပညာများကို လေ့လာဆည်းပူးနိုင်မည်ဖြစ်သည်။ အခြေခံပညာကျောင်းများ၌ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးများအနေဖြင့် စာဖတ်ခြင်းအလေ့အထကောင်းများနှင့် စာဖတ်စွမ်းအား တိုးတက်မြင့်မားလာပြီး ဗဟုသုတအသိအမြင်များ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ပညာရည်မြင့်မားရေး၊ စာဖတ်စွမ်းရည်မြင့်မားရေးသည် တိုင်းပြည်အတွက် ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ပုံဖော်နေခြင်းဖြစ်၍ မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် ပညာသင်ကြားခြင်းမပြုတော့သူများ၏ဘဝ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနေစေရန် ပညာလည်းသင် စာပေများလည်း လေ့လာလိုက်စားကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024

အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား (National Complaints Mechanism-NCM)ဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိ


Ministry of Labour/ ရုံးအမှတ် ၅၁ ၊ နေပြည်တော် / September 13, 2024


မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာ နိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေး အရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင်လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU) ကို လက်မှတ်ရေးထိုးခဲ့ပြီး အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (Complaints Mechanism) ထူထောင်ကာ တိုင်ကြားချက်များကို လက်ခံဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM)ကို ၂၀၂၀ ပြည့်နှစ်တွင် ထူထောင်ပြီး လည်ပတ်ဆောင်ရွက်ခဲ့ရာတွင် အလုပ်သမားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည် ဖော်ရေးအမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိပါသည်။

ဤကဲ့သို့ အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားချက်များကို အမျိုးသားအဆင့်အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) မှ  ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး(ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှ တစ်ဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ directorgeneral.dol@gmail.com, moloffice51@mol.gov.mm,  research. org.dol.mm@gmail.com များသို့လည်းကောင်း တိုင်ကြားသူနှင့်အဓမ္မခိုင်းစေခံရသူများမှ လုံခြုံ စိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရှိရသည်။

Download