ပဥ္စမအကြိမ်မြောက် အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ဘားအံမြို့တော်ရရှိ

ပဥ္စမအကြိမ်မြောက် အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ဘားအံမြို့တော်ရရှိ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 23, 2026


ဘားအံ ဖေဖော်ဝါရီ ၂၃

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပခဲ့သော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ တွင် ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award)ဆုကို ရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အဆိုပါဆုတံဆိပ်ကို ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆုတံဆိပ်လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာ၊ လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာ၍ဘေးအန္တရာယ်ကင်းရှင်းသောပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသများသန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်းတစ်နှစ်ထက်တစ်နှစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည် တွင်းပြည်ပခရီးသွားဧည့်သည်များပိုမိုဝင်ရောက်လာစေရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များကလည်း လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က ပဥ္စမအကြိမ်မြောက်အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု(5th ASEAN Clean Tourist City Award) ဆုတံဆိပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစောမြင့်ဦးထံ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူးသူရမြင့်သူက အဆိုပါဆုတံဆိပ်ရရှိခဲ့မှုနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်းဆု တစ်ဆု၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းစံနှုန်းဆု(၁၀)ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအများပြည် သူသုံးသန့်စင်ခန်းများစံနှုန်းဆုတစ်ဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်းဆုတစ်ဆု၊ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံဖြိုးသောမြို့ကြီးများဆုနှင့် ၂၀၂၆ ခုနှစ် အတွက် ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုတို့ကို အသီးသီးရရှိခဲ့ပြီး တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ခရီးသွားကုမ္ပဏီလုပ်ငန်းရှင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ က ပဥ္စမအကြိမ်မြောက်အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award)ဆုရဗီဒီယိုအား ကြည့်ရှုခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာကြသော ကော်မတီဝင်များနှင့် လုပ်ငန်း ရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ချက်မှတ်တမ်းဓာတ်ပုံများ၊ ဒေသတွင်းခရီးစဉ်ဒေသများနှင့်အထင်ကရနေရာဒေသသဘာဝအလှပြိုင်ပွဲဝင်ဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကြော်ငြာခြင်း

Posted on Feb 23, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 23, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်