ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးလိုသည့် အနုပညာရှင် နှစ်ဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးလိုသည့် အနုပညာရှင် နှစ်ဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်


Ministry of Information/ Naypyitaw / October 31, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၁

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ်နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့်အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက်တွင် “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား ပြည်ပရောက်အကြမ်းဖက်အဖွဲ့အစည်းအားပေးထောက်ခံသူများနှင့်တရားခံပြေးများမှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံခဲ့ကြသည့် ဒါရိုက်တာသက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရိုက်တာအောင်ချမ်းလူ(ခ)အေးချမ်းအောင်တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအားစိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့သည့်အပြင် မကြာမီကျင်းပရန်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက်လည်း ၎င်းတို့တတ်ကျွမ်းသည့်အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းအပြင် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နေသည့်အနုပညာရှင်များအား ပြည်ပရောက်အကြမ်းဖက်အဖွဲ့အစည်းထောက်ခံသူများနှင့်တရားခံပြေးများမှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေဖန်ရေးသားသည့်အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်း စိစစ်တွေ့ရှိရသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် ခေတ်သစ်မီဒီယာအပါအဝင် မီဒီယာအမည်ခံအကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြချက်များကိုလည်း အစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိသည်ကို စိစစ်တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မီဒီယာအမည်ခံ အကြမ်းဖက်အားပေးပြည်ပဩဇာခံအဖွဲ့အစည်းများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားသူများအား ထောက်ခံအားပေးခဲ့ကြသည့် သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ(ခ)အေးချမ်းအောင်တို့နှစ်ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တားလိုသူများအား မိဘပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

Posted on Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅

Posted on Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

Posted on Oct 31, 2025

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

HOT NEWS
January 4,