ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Information/ Naypyitaw / November 18, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်းစသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရုံးအကူ ကိုဘိုဘိုထွန်း (၂၄) နှစ်သည် ဈေးရပ်ကွက်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ရုံးလုပ်ငန်းများ ဆောင်ရွက်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မီးပွိုင့်လမ်းဆုံအရောက်၌ ဈေးရပ်ကွက်နေ ထွန်းမင်းလတ် (၄၉) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိမည့်အခြေအနေဖြစ်ပွားခဲ့ရာ ထွန်းမင်းလတ်က လက်သီးဖြင့် ထိုးခဲ့သဖြင့် ကိုဘိုဘိုထွန်းတွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရုံးအကူ ကိုဘိုဘိုထွန်းအား ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်အောင် နာကျင်အောင် ပြုလုပ်ခဲ့သူ ထွန်းမင်းလတ်အား နိုဝင်ဘာ ၁၅ ရက်တွင် အုတ်တွင်းမြို့မရဲစခန်း (ပ) ၁၁၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်တိုး ဦးဆောင်သည့်အဖွဲ့သည် ကျေးရွာနေပြည်သူမျာအား မဲဆွယ်စည်းရုံးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ အဆိုပါကျေးရွာနေ ဝင်းဦး (ခ) ဘက်ဟိုး (၄၂) နှစ်သည် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်နိုင်စေရန်အတွက် ကျေးရွာနေပြည်သူများအား လိုက်လံဖိတ်ကြားခြင်း ပြုလုပ်နေသည့် ပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးအမှုဆောင် ဒေါ်အမာစိန်(၅၂)နှစ်အား ဓားဖြင့်ခုတ်ခဲ့သဖြင့် ဒေါ်အမာစိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဝင်းဦး (ခ) ဘက်ဟိုးအား ရွှေကျင်မြို့မရဲစခန်း (ပ) ၄၄/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပျိုးခင်းကုန်းကျေးရွာနေ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းညွန့် (၅၈) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဖွင့်ခိုင်းကာ အဆိုပါရုံးအတွင်းထားရှိသည့် ပထမအကြိမ် မဲစာရင်း စာရွက်စာတမ်းများနှင့် ဦးဝင်းညွန့်ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါအကြမ်းဖက်သမားများအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စလင်းမြို့မရဲစခန်း (ပ)၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)/ ၂၆(ခ)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်းကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း ဒုတိယကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်မို့မို့ခိုင်သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၈ ဦးရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါအကြမ်းဖက်သမားများအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကြို့ပင်ကောက်မြို့မရဲစခန်း (ပ)၁၉၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)/(ခ) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့ စောအောင်မြင့်မြတ် (၂၀) နှစ် ဦးဆောင်သည့် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ကျေးရွာသူ/ရွာသားများအား ခေါ်ယူတွေ့ဆုံကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲမပေးကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် စောအောင်မြင့်မြတ် ဦးဆောင်သည့် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား နိုဝင်ဘာ ၁၂ ရက်တွင် ဘီးလင်းမြို့မရဲစခန်း(ပ)၃၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ် (၄) ရပ်ကွက်၊ အနော်ရထာလမ်းထိပ်၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ဖျက်ဆီးသွားသူ (စုံစမ်းဆဲ)အား နိုဝင်ဘာ ၁၂ ရက်တွင် တံတားနယ်မြေရဲစခန်း (ပ) ၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီ ၃၀မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနန္ဒမျိုးအောင်သည် နေအိမ်၌ရှိနေစဉ် ၎င်းနေအိမ်ရှေ့ သစ်တောလမ်းပေါ်မှ အမျိုးသား တစ်ဦး (စိစစ်ဆဲ) က (PPP) ကို မဲမပေးပါနဲ့ဟု အော်ဟစ်ပြောဆိုခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်နိုင်စေရန် နှောင့်ယှက် ဟန့်တားခဲ့သည့် အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အလုံမြို့မရဲစခန်း (ပ)၂၇၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာ မြွေဘုရားသွားလမ်းထိပ်၌ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၏ မဲဆွယ်စည်းရုံးရေးအတွက် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပလိပ်နယ်မြေရဲစခန်း (ပ) ၃၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာဘုန်းကြီးကျောင်းအနီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးရေးအတွက် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကန်ကြီးထောင့်မြို့မရဲစခန်း (ပ)၁၂၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်းနှင့် ၅၇ လမ်းထောင့်၌ စိုက်ထူထားသည့် ပြည်သူ့ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်း(ပ)၁၄၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025
AnnouncementsExplore more >

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

Posted on Nov 18, 2025

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Nov 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Posted on Oct 31, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

HOT NEWS
January 4,