ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကျင်းပသွားမည်ဖြစ်၍ လုံခြုံရေးစီမံချက်များ ပြင်ဆင်ဆောင်ရွက်ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်၊ ဝါဒဖြန့်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကျင်းပသွားမည်ဖြစ်၍ လုံခြုံရေးစီမံချက်များ ပြင်ဆင်ဆောင်ရွက်ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်၊ ဝါဒဖြန့်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူ


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conferencing ဖြင့် ပါဝင် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အား နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် ၁၀၂ မြို့နယ်များရှိ မဲရုံများသို့ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရ ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနေချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပ သတင်းဌာနများနှင့် မီဒီယာအဖွဲ့အစည်းများက လာရောက်လေ့လာကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား မလိုလားသည့် အကြမ်းဖက်သမားများက ဆန္ဒမဲပေးခဲ့သည့် ပြည်သူများ ဆန္ဒမဲမပေးနိုင်ရန်အတွက် နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်ပစ်ခတ်တိုက်ခိုက်မှု အချို့ပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း။

ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြုလုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို ပြန်လည် သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သော လုံခြုံရေးဆိုင်ရာ အစီအမံများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်များအတွက် ဇန်နဝါရီ ၉ ရက် ည ၁၂ နာရီအချိန်မှစ၍လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်သည့် မြို့နယ်များအတွက် ဇန်နဝါရီ ၂၃ ရက် ည ၁၂ နာရီ အချိန်မှစ၍လည်းကောင်း ရွေးကောက်ပွဲကျင်းပ ပြီးသည့်အချိန်အထိ ရပ်နားထားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်သည့် ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ဇန်နဝါရီ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)နှင့် ဇန်နဝါရီ ၂၅ ရက်တွင် အပိုင်း(၃)တို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအပိုင်း(၁)၌ တွေ့ကြုံခဲ့ရသည့် မဲပေး စက်ပိုင်းဆိုင်ရာ အားနည်းချက်များ၊ လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များ လုံလောက်စွာထားရှိနိုင်ရေး၊ မဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ သတ်မှတ်ချိန်အတွင်း အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရန်နှင့် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် လုံခြုံရေးစီမံချက်များပါအတိုင်း အင်အားဖြည့်တင်း၍ ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၂၄၀ တွင် တရားခံအမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦးရှိခဲ့ပြီး ဆက်လက်၍ ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေး ယူခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။         

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေးအတွက် မိမိနယ်မြေအခြေအနေနှင့် ကိုက်ညီသည့် စီမံဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်က ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 04, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Posted on Jan 03, 2026
AnnouncementsExplore more >

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ

Posted on Jan 8, 2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

Posted on Jan 8, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း

Posted on Jan 8, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း

HOT NEWS
January 4,