ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / February 09, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ လောင်းကစားပြုလုပ် သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မင်းလှမြို့နယ်၊ မင်းလှ-မင်းဘူးသွားကားလမ်း မိုင်တိုင်အမှတ် ၁၅ မိုင် ၁ ဖာလုံအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ညောင်ပင်သာကျေးရွာမှ မင်းလှမြို့သို့ မကွေးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်နေ ဦးလင်းနိုင်(၄၅)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လင်းနိုင် အား မင်းလှမြို့မရဲစခန်း (ပ)၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် တောင်ငူမြို့နယ်၊ နတ်သျှင်နောင်ရပ်ကွက်နေ ဒေါ်မြင့်မြင့်စန်း(၃၇)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့သစ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဒေါ်မြင့်မြင့်စန်းနှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ဒေါ်ဝင်းရီ(၆၀)နှစ်၊ ဒေါ်ချိုမာ(၅၄)နှစ်နှင့် မြို့သစ်မြို့၊ တပင်ရွှေထီးရပ်ကွက်နေ ဒေါ်မြင့်မြင့်မော်(၄၁)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်မြင့်မြင့်စန်း ပါ လေးဦးအား မြို့သစ်နယ်မြေရဲစခန်း (ပ)၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် လည်းကောင်း။

     ထို့အတူ  မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအဝင် ဇရပ် အရောက်၌ အဆိုပါဇရပ်အတွင်း ထိုင်နေသည့် ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးကျော်လွင်ဦး (၄၂)နှစ်နှင့် သံဖြူဇရပ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဦးမျိုးမင်းဦး(၄၅)နှစ်တို့အား စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦး ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအတွင်း နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ထားသည်ကို တွေ့ရှိရပြီး ဦးကျော်လွင်ဦး ဝတ်ဆင်ထားသည့် ဘောင်းဘီ အိတ်ကပ်အတွင်းမှ လောင်းကြေးငွေများအား လည်းကောင်း၊ ဦးမျိုးမင်းဦး စီးနင်းလာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ လောင်းကြေးငွေများအား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် ကျော်လွင်ဦး အား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၂၀/၂၀၂၆၊ မျိုးမင်းဦး အား သံဖြူဇရပ် မြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026
AnnouncementsExplore more >

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

Posted on Feb 8, 2026

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

Posted on Feb 8, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 5, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း