ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်နှင့် အခြားသစ်များ တရားမဝင်သိမ်းဆည်းထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်နှင့် အခြားသစ်များ တရားမဝင်သိမ်းဆည်းထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / May 16, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်နှင့် အခြားသစ်များ တရားမဝင်သိမ်းဆည်းထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မဲကင်းကုန်း ကျေးရွာနေ ဦးသိန်းမြင့်(၆၂)နှစ်၏ နေအိမ်ခြံဝင်းအတွင်း၌ သစ်များ တရားမဝင်သိမ်းဆည်း ထားကြောင်း သတင်းအရ ပေါက်ခေါင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသစ်တောဦးစီး ဌာနမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအတွင်း၌ တရားမဝင်သိမ်းဆည်းထားသော ကျွန်းသစ် တစ်လုံး၊ ကျွန်းသစ်ခွဲသား ၁၈ ချောင်း၊ ဗာဒံသစ် တစ်လုံး၊ ထောက်ကြံ့သစ် သုံးလုံး၊ အခြားသစ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် သိန်းမြင့် အား ပေါက်ခေါင်းမြို့မရဲစခန်း (ပ)၃၈/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၁(က)/ ၄၃(ဂ)/၄၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
