ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / June 07, 2026


    ၂၀၂၆ ခုနှစ်၊ ဇွန် ၅ ရက်က ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန် ၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနေ ဦးတင်မောင်ဆွေ(၅၈)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရေကင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဦးတင်မောင်ဆွေမှာ ထွက်ပြေးသွားပြီး ၎င်း၏နေအိမ်အောက်ထပ် ကွပ်ပျစ်ပေါ်တွင် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးကျော်သူမင်း(၄၂)နှစ်၊ ဦးတင်စိုးဝင်း(၄၈)နှစ်၊ ဦးမင်းဇော်(၅၁)နှစ်၊ ဒေါ်မြင့်မြင့်သန်း(၃၃)နှစ်၊ ဒေါ်ဝေဝေသင်း(၄၂)နှစ်၊ ဒေါ်နီနီမာ(၄၃)နှစ်၊ မအေးသူဇာဝင်း(၁၉)နှစ်၊ ကိုဇင်ကိုအောင်(၁၆)နှစ်နှင့် စစ်ကုန်း(၂)ကျေးရွာနေ ကိုမြင့်မြတ်အောင်(၁၇)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်သူမင်းပါ ၁၀ ဦးအား ရေကင်းနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် တင်မောင်ဆွေ အား ဖမ်းဆီးရမိရေး‌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

    အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွေးသောက်ရပ်ကွက် နှင်းဆီလမ်းနှင့် ဒေါနလမ်းဆုံ၌ သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဒေါ်ဝင်းဝင်းထွန်း (၅၁)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဝင်းထွန်း အား မြိုင်သာယာနယ်မြေရဲစခန်း (ပ)၁၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

    ထို့အတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တောင်ရပ်ကွက်အရောက်၌ စံပြဖဆပလရပ်ကွက်နေ ဒေါ်ညိုချော(ခ)အညို(၃၅)နှစ်အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ညိုချော(ခ)အညို အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၄၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026