ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှု ပြန်လည်ကျဆင်းလာပြီဖြစ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှု ပြန်လည်ကျဆင်းလာပြီဖြစ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / August 05, 2024
image_latest


ပဲခူး ဩဂုတ် ၄

ပဲခူးမြို့နှင့် ကျေးရွာများအတွင်း မြစ်ရေကြီးမှုများ ပြန်လည်ရေကျသွားပြီဖြစ်ရာ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့ကို ဩဂုတ် ရက် နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးသည်။

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေသန့်စက်တပ်ယာဉ်ဖြင့် သောက်ရေသန့်များ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား အလှည့်ကျဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်သွားရန်၊ မီးသတ်ရေယာဉ်များဖြင့် ရေအဆက်မပြတ် သယ်ယူပို့ဆောင်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ရေမြုပ်ပျက်စီးမှုများကို ချက်ချင်းပြင်ဆင်နိုင်ရေးနှင့် ကျောင်းတွင်းရှိ သောက်သုံးရေကန်များ၊ ရေတွင်းများကို ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ယင်းနောက် ကျောင်ဘေးရှိ ကျုံးရေထွက်ပေါက်အား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြီးနစ်မြုပ်ခဲ့သည့် ပဲခူးမြို့နယ် မယင်းကျေးရွာသို့ သွားရောက်ပြီး တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၏ ဦးဆောင်မှုဖြင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာနေပြည်သူများအား ငါးဟင်းချက်ပြုတ်လှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မယင်းကျေးရွာ၊ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဦးစီးပဓာနနာယကဆရာတော်ကြီးအား ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျောက်ထားကာ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး စားသုံးကုန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ တစ်ဦးချင်းစီအတွက် ဆန်ရိက္ခာဖိုးတစ်လစာ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေ ပြန်လည်ကျဆင်းနေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Posted on Feb 06, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 05, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Posted on Feb 04, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Posted on Feb 03, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 02, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Posted on Feb 01, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Feb 4, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Posted on Feb 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း