ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / June 04, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက် နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပ သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန် စေရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ၂၀၁၈ - ၂၀၂၂ မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် ဆောင်ရွက်ခဲ့မှု များကို အခြေခံ၍ Strategic Goal (၆)ရပ် ချမှတ်ကာ ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက် ကို ရေးဆွဲပြီး နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ ကို ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ၂၀၂၆ မှ ၂၀၂၇ အထိ မဟာဗျူဟာစီမံချက်အပေါ် ရုံးချုပ်/ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်စေရေးနှင့် ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်း တည့်မတ်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ အစီရင်ခံ ခြင်းများအတွက် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်မှုများ ပိုမို ထိရောက်အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများနှင့်စပ်လျဉ်း၍ နည်းပညာဖွံ့ဖြိုးရေး နှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်က ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက်ဆောင်ရွက်ရန် ကျန်ရှိမှုများအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၃-၂၀၂၇ မဟာဗျူဟာလုပ်ငန်းစီမံချက် အပေါ် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြမှု များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြား ရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026
AnnouncementsExplore more >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။