ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အများပြည်သူ၏ ဘာသာရေးယုံကြည်မှုစိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အများပြည်သူ၏ ဘာသာရေးယုံကြည်မှုစိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / December 14, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူ အမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၌ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ တီးခတ်ကပြဖျော်ဖြေခဲ့ရာ၌ ဒီဇင်ဘာ ၆ ရက် ညတွင် တီးခတ်ကပြဖျော်ဖြေမှုတွင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါး ရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ် သရုပ်ဖော်၍ ဆိုင်းဆရာအဖြစ် စိုးသိန်း(ခ)အောင်စိုးမင်းမှ တီးခတ်ခဲ့ပြီး လူရွှင်တော်ဖြစ်သူ စိုးမင်းဦးမှ သင်္ကန်းဝတ်ဆင် သရုပ်ဖော်ပြီးနောက် ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းအားချွတ်ကာ အများပြည်သူ အမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး သရုပ်ပျက် ကပြရာတွင် ထက်လင်းဦး(ခ) မျက်ပြူး၊ ကိုဖြိုး(ခ)ဝေဖြိုးထက်နှင့် နန်းဝတီတို့မှ ပါဝင်သရုပ်ဖော် ကပြခဲ့ကြကြောင်း သိရှိရသဖြင့် ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် တောင်ညိုနယ်မြေရဲစခန်း (ပ)၆၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

     အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်နေသူများဖြစ်ကြသည့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာဖြစ်သူ စိုးသိန်း(ခ)အောင်စိုးမင်း(၅၈)နှစ်၊ သင်္ကန်းဝတ်ဆင်၍ သရုပ်ပျက်ကပြခဲ့သည့် လူရွှင်တော်ဖြစ်သူ စိုးမင်းဦး(၄၂)နှစ်၊ ပါဝင်ကပြဖျော်ဖြေခဲ့သူ နန်းဝတီ(၁၆)နှစ်၊ ကျွဲရှင်းကျေးရွာနေ ကိုဖြိုး(ခ)ဝေဖြိုးထက်(၃၉)နှစ်တို့ လေးဦးအား ယင်းနေ့ ည ၁၀ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာနေ ထက်လင်းဦး(ခ)မျက်ပြူး(၂၈)နှစ်အား ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ၎င်းတို့၏ နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။

     အထက်ပါဖြစ်စဉ်မှ အများပြည်သူ၏ ဘာသာရေးယုံကြည်မှုစိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူ အမြင်မတင့်တယ်စေရန် တီးခတ်ကပြ ဖျော်ဖြေခဲ့သူများဖြစ်သည့် စိုးသိန်း(ခ)အောင်စိုးမင်းပါ ငါးဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Posted on Mar 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ