ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ
ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / February 09, 2025

နေပြည်တော် ဖေဖော်ဝါရီ ၈
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း အားကစားကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ကြီးများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အားကစားနည်းအလိုက် ဆုရရှိကြသည့် အသင်းများ၊ အားကစားမောင်မယ်များနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးဆု၊ ဆောင်းပါးဆုရရှိသူများကို ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆုရဘောလုံးအသင်းနှင့် တံခွန်စိုက်ဆုရရှိသူများ၊ အကောင်းဆုံးကစားသမားဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများတွင် ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအချင်းချင်း ရင်းနှီးချစ်ကြည်မှုဖော်ဆောင်ပေးရန်နှင့် ထူးချွန်သည့် အားကစားမောင်မယ်များထွက်ပေါ်လာပါက နိုင်ငံ့ကိုယ်စားပြုအားကစားသမားများအဖြစ် ဆက်လက်ပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက် မှ ၈ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည့် အဆိုပါအားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်းများမှ ကြီးကြပ်သူဆရာဆရာမ ၁၆ ဦးနှင့် အားကစားမောင်မယ် ၁၂၇ ဦးတို့က အားကစားအသင်းလေးသင်းအဖြစ်စုဖွဲ့၍ အားကစားနည်း ၁၀ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
Posted on Mar 13, 2025နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Posted on Mar 11, 2025မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Posted on Mar 11, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။