ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်၊ ကလော-ရွှေညောင်-ကလောနှင့် တောင်ကြီး-ပေါမူ-တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်များ ခရီးသည်စီးနင်းမှုများပြား

ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်၊ ကလော-ရွှေညောင်-ကလောနှင့် တောင်ကြီး-ပေါမူ-တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်များ ခရီးသည်စီးနင်းမှုများပြား


Ministry of Information/ Naypyitaw / February 18, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှ ခရီးသွားလာမည့်ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများကို ရှမ်းပြည်နယ်၏ ရေမြေတောတောင်သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန်နှင့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား အနီးကပ်လေ့လာနိုင်ရန်အတွက် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်နှင့် တောင်ကြီးမြို့၏ အလှအပများနှင့် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ပြေးဆွဲပေးလျက်ရှိပြီး ကလော-အောင်ပန်း-ဟဲဟိုး-ရွှေညောင် (အသွား/အပြန်) (ဟဲဟိုး) ဘဝသံသရာ ရှုခင်းကြည့်ရထား ခရီးစဉ်ကို Package ဖြင့် အထူးရထား စင်းလုံးငှားရမ်းပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ခရီးသွားလာသူများ ကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားကြောင်း သိရသည်။

တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်) ရှုခင်းကြည့်ရထားခရီးစဉ်ကို ရထားစီးခရီးသည် များပြားမှုကြောင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရထားပြေးဆွဲမှုကို တောင်ကြီးဘူတာမှ နံနက် ၉ နာရီနှင့် မွန်းလွဲ ၁ နာရီခွဲတို့တွင် တစ်ရက်နှစ်ကြိမ် အသွား/အပြန် ပြေးဆွဲပေးခဲ့ရပြီး ခရီးသည်စုစုပေါင်း ၄၆၁ ဦး နှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် နံနက်ပိုင်းတစ်ကြိမ် ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၂၃၇ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။

တောင်ကြီး-ပေါမူ ခရီးစဉ်မှာ (၁၁ ဒသမ ၄၁) မိုင်ကွာဝေး၍ ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်ပြီး တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင်ထွက်ခွာ၍ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးခဲ့ကာ ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင်ရောက်ရှိပြီး ရထားတွဲဆိုင်းကို တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးခဲ့ကာ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။ အလားတူ တောင်ကြီးဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာသည့် ခရီးစဉ်တွင် တောင်ကြီးဘူတာသို့ ညနေ ၅ နာရီ ပြန်လည် ရောက်ရှိကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကလော-အောင်ပန်း-ဟဲဟိုး-ရွှေညောင် (အသွား/အပြန်) (ဟဲဟိုး) ဘဝသံသရာရှုခင်းကြည့်ရထားခရီးစဉ်ကို Package ဖြင့် အထူးရထား စင်းလုံးငှားရမ်းပြေးဆွဲပေးခဲ့ပြီး ပုဂ္ဂလိက ခရီးသွားအဖွဲ့မှ ခရီးသည် ၄၇ ဦး လိုက်ပါစီးနင်းခဲ့သည်။

ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် ရထားခရီးစဉ်အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးလျက်ရှိရာ ဇန်နဝါရီလအထိ ပုံမှန် RBE ရထားခရီးစဉ်တွင် ခရီးသည် ၆၂၁ ဦး၊ Package ဖြင့် RBE ရထား စင်းလုံးငှားရမ်းမှုတွင် ခရီးသည် ၄၃၂ ဦး၊ စင်းလုံးငှား ရထားကြီးဖြင့် ပြေးဆွဲပေးမှုတွင် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၁၁၄၀ ပို့ဆောင်ပေးခဲ့ပြီး ခရီးသည် စုစုပေါင်း ၂၁၉၃ ဦး လိုက်ပါစီးနင်းခဲ့သည်။

ယခု ဖေဖော်ဝါရီလ ရုံးပိတ်ရက်ကာလအတွင်း ခရီးသည် စီးနင်းမှုများပြားသဖြင့် ဂုတ်ထိပ်(၁)၊ ဂုတ်ထိပ်(၂) ပုံမှန် RBE ရထားခရီးစဉ်ကို အထက်တန်းတစ်တွဲနှင့် ရိုးရိုးတန်း ငါးတွဲပါဝင်သော ရထားကြီးဖြင့် ပြေးဆွဲပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်အတွင်းခရီးသည်စုစုပေါင်း ၅၈၂ ဦး၊ Package ဖြင့် RBE ရထားစင်းလုံးငှားရမ်းမှုတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ အထက်တန်း RBE တွဲ ခရီးစဉ်သုံးကြိမ်၊ ရိုးရိုးတန်း RBE တွဲခရီးစဉ် နှစ်ကြိမ် နှင့် ရိုးရိုးတန်း RBE တွဲ နှစ်တွဲပါ ခရီးစဉ်တစ်ကြိမ်ဖြစ်၍ ခရီးသည်စုစုပေါင်း ၂၃၂ ဦးနှင့် စင်းလုံးငှား ရထားကြီးဖြင့် ပြေးဆွဲပေးမှုတွင် ဖေဖော်ဝါရီ ၁၁ ရက် ၌ Mother Love ပုဂ္ဂလိကကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၂၄၀ ပို့ဆောင်ပေးခဲ့ပြီး စတင်ပြေးဆွဲပေးချိန်မှ ယနေ့အထိ ခရီးသည်စုစုပေါင်း ၃၂၄၇ ဦး လိုက်ပါစီးနင်းခဲ့သည်။

ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင်ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိရပ်နားပြီး ဂုတ်ထိပ် (၂) RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။ ထို့အတူ ဂုတ်ထိပ်ဘူတာမှ ဂုတ်ထိပ် တံတားပေါ်ဖြတ်သန်းပြီး ရှုခင်းကြည့်နေရာအထိ လူ ၂၀ လိုက်ပါ စီးနင်းနိုင်သည့် RGC ရထားအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

အထက်ပါ ရှုခင်းကြည့် Sight Seeing ခရီးစဉ် များအတွက် Package ဖြင့် RBE (သို့မဟုတ်) ရထားကြီး စင်းလုံးငှားရမ်းလိုပါက သုံးရက်ကြိုတင်၍ ရုံပိုင်ကြီး(အထူးတန်း) ပြင်ဦးလွင် ဖုန်း ၀၉-၄၄၈၅၃၈၈၃၀ နှင့် ကလော-ရွှေညောင် အသွား/အပြန် ခရီးစဉ်အတွက် Package ဖြင့် အထူးရထား ငှားရမ်းမှုများကို ရုံပိုင်(တာဝန်ခံ) ကလောဖုန်း ၀၈၁-၂၃၅၀၁၄၃ မှတစ်ဆင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026
AnnouncementsExplore more >

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Posted on Feb 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။