ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ တက်ရောက်


Ministry of Information/ Naypyitaw / November 24, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၃

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ နှလုံးရောဂါအထူးကု ဆရာဝန်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံကို “Towards Holistic and Comprehensive Cardiac Care” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာ ဆေးပညာရှင်များ၏ လူနာများကို ဗဟိုပြု၍နှလုံးဆေးကုသမှုနှင့် နှလုံးခွဲစိတ်ကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကိုဂုဏ်ပြုကြောင်း၊ ယခုညီလာခံ၌ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အတွေ့အကြုံ၊ ဗဟုသုတများအပြန်အလှန်မျှဝေကြမည်ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ နှလုံးရောဂါအထူးကု ဆရာဝန်များအတွက် ဗဟုသုတနှင့်ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်သဖြင့် လူနာဗဟိုပြုဆေးကုသမှုလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံနှလုံးရောဂါဆေးပညာရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နှလုံးခွဲစိတ်မှု ၂၃၇၅ ကြိမ်၊ နှလုံးသွေးကြောချဲ့ကုသမှု ၃၈၀၅ ကြိမ်၊ နှလုံးစက်တပ်ကုသမှု ၁၀၁၄ ကြိမ်၊ နှလုံးလျှပ်စီး လမ်းကြောင်းဖြတ်တောက်ကုသမှု ၁၀၀၅ ကြိမ်တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါဆေးပညာရပ်ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(နှလုံးရောဂါဆေးပညာ) ပါမောက္ခ ဒေါက်တာနွယ်နွယ်က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာ ညီလာခံပြခန်းကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်င်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရပ်ဆိုင်ရာညီလာခံပြခန်းနှင့် ခင်းကျင်းပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ညီလာခံပထမနေ့၏ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ဟောပြောပွဲငါးခုပါဝင်ပြီး ပြည်တွင်း/ပြည်ပနှလုံးရောဂါပညာရှင်များက နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ကုသခြင်း၊ နှလုံးညှစ်အားနည်းခြင်းရောဂါ၏ တိုးတက်နေသော ကုထုံးများ၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကို အသုံးချခြင်း၊ နှလုံးအဆို့ရှင်ရောဂါကုသနည်းများ၊ မွေးရာပါနှလုံးရောဂါကုသနည်းများကို ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များက တင်ပြဆွေးနွေးကြပြီး တက်ရောက်လာသည့် နှလုံးအထူးကုဆရာဝန်များနှင့် အထွေထွေရောဂါကုဆရာဝန်များက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါညီလာခံကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံမှ နှလုံးရောဂါဆေးပညာရှင်များနှင့်အတူ ဆေးပညာရပ်ဆိုင်ရာဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများမျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 24, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Posted on Nov 23, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Posted on Nov 21, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 20, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on Nov 19, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Posted on Nov 18, 2024
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

Posted on Nov 22, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Nov 22, 2024

အလုပ်လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,