ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 03, 2025
ရန်ကုန် ဇန်နဝါရီ ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းပါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ၊ ကပွဲခန်းမပြုပြင်ခြင်းလုပ်ငန်း၊ ရေ၊ မီးရရှိရေးစသည့် ဆောက်ရွက်ဆဲလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အသေးစိတ် ကြည့်ရှုစစ်ဆေးမှာကြားသည်။
ယင်းနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနေအိမ် တည်ဆောက်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များကို တိုင်းရင်း သားတို့၏ မူလရိုးရာအစဉ်အလာများ မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်၊ အကြီးစားပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသည့် လုပ်ငန်းများကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင် မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမောင်းထိုးပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကို စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ရှင်းလင်းတင်ပြတတ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. (1/2025)
Posted on Jan 5, 2025မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
Posted on Jan 5, 2025