ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာဆိုဗိမာန်အဆောက်အအုံတည်ဆောက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာဆိုဗိမာန်အဆောက်အအုံတည်ဆောက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 15, 2025
image_latest


ရန်ကုန် ဇွန် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ်(၁၈-A)၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်ခန်းမ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စာဆိုဗိမာန်ကို တာဝန်ယူတည်ဆောက်နေသည့် Myanmar Land & Development Ltd Project Director တို့က စာဆိုဗိမာန် အဆောက်အအုံ ၅၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ခေတ်မီအဆောက်အအုံ ဖြစ်ရန်လိုအပ်

ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အအုံကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရန်နှင့် အရည်အသွေးနှင့် ကြံ့ခိုင်မှုအပိုင်းကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကလည်း အထူးကြပ်မတ်စစ်ဆေးရန်လိုအပ်ကြောင်း၊ စာဆိုဗိမာန်တွင် စာပေ၊ ဂီတ၊ သဘင်နှင့်ပတ်သက်ပြီး ပြသနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်ကြီးများ၏ အကြံဉာဏ်ကိုရယူကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြတိုက်အတွင်း ပြသမည့်ပစ္စည်းများကိုလည်း အချိန်မီစုဆောင်းထားရန်လိုအပ်ကြောင်း၊ စာဆိုဗိမာန်ကို အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ စာဆိုဗိမာန်အဆောက်အအုံကို ခံ့ညားထည်ဝါပြီး ခေတ်မီအဆောက်အအုံဖြစ်ရန်လိုအပ်ကြောင်း၊ စာဆိုဗိမာန်အဆောက်အအုံဝင်းအတွင်း/ အပြင်သာယာလှပစေရန် သစ်ပင်၊ ပန်းမန်အလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရေး၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုဆောင်ရွက်ရေး၊ နိုင်ငံတော်အဆင့် အဆောက်အအုံဖြစ်သည့်အပြင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဆောက်အအုံဖြစ်သည့်အတွက် စာဆိုဗိမာန်ကို စနစ်တကျဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုအားပေး

ညနေပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုံးဝင်းအတွင်းရှိ သီးခြားအဆောက်အအုံ၌ BBTV ကုမ္ပဏီမှငှားရမ်း၍ MYANSAT DTH ထုတ်လွှင့်ရေးလုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ BBTVကုမ္ပဏီမှ Vice Chairman ဦးသန့်ဇင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ MYANSAT DTH ထုတ်လွှင့်မှုကို အခမ်းအနားဖြင့် ဖွင့်လှစ်၍ ပြည်တွင်းထုတ်လုပ်မှု ရုပ်သံလိုင်း ၁၆ လိုင်းနှင့် ပြည်ပထုတ်လုပ်မှု ရုပ်သံလိုင်း ၁၄၀ စုစုပေါင်းရုပ်သံလိုင်း ၁၅၆ လိုင်းကို အခပေးစနစ်ဖြင့် ထုတ်လွှင့်​နေပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီးသုံးမြို့တွင် ဖြန့်ချိရေးကိုယ်စားလှယ်များ ထားရှိဆောင်ရွက်နေပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြဋ္ဌာန်းထားရှိသည့် ရုပ်သံထုတ်လွှင့်မှုဥပဒေအပါအဝင် တည်ဆဲအခြားဥပဒေ၊ နည်းဥပဒေများနှင့် Update ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုကို ဂရုပြုလိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပြည်ပဇာတ်လမ်းတွဲများပြသစဉ် မြန်မာစာတမ်းပြေးဖြင့် ဖော်ပြပေးရန်လိုကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် အားကိုးအားထားဖြစ်စေမည့် မီဒီယာလုပ်ငန်းကြီးတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် MYANSAT DTH ထုတ်လွှင့်ရေး လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Posted on Jul 1, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။