ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများစွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများစွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / June 15, 2025

နေပြည်တော် ဇွန် ၁၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးကျောက်ဆည် စက်မှုနယ်မြေအမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်) ၌ ဘိလပ်မြေများထုတ်လုပ်နေမှုနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းကိရိယာများ၊ အဆောက်အအုံများ စစ်ဆေးပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းတံတား၊ စက်ရုံ၊ အလုပ်ရုံ၊ သာသနိက အဆောက်အအုံများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဘိလပ်မြေများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံ၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများ၏ စက်စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းများနှင့် သွင်းအားစုများကို ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန်၊ စက်ပစ္စည်းကိရိယာများ၊ အဆောက်အအုံများအား စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားကြပ်မတ်ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ မြစ်သားမြို့နယ်ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည် အဆောက်အအုံများ ပြုပြင်နေမှု၊ ချည်မျှင်များ ထုတ်လုပ်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့ရှိ ဖိုးပြုံးချိုရက်ကန်းနှင့် ချည်မျှင်အချောကိုင်ထုတ်လုပ်ခြင်းလုပ်ငန်းတွင် စောင်အမျိုးမျိုး ရက်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jul 1, 2025အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Posted on Jul 1, 2025၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Posted on Jun 30, 2025