ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် နေပြည်တော် ဟိုတယ်ဇုန်(၂)ဥတ္တရသီရိ မြို့နယ်ရှိဟိုတယ်များမှ လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်ဇုန်(၂)ရှိ ပြိုကျ ပျက်စီးနေသော အဆောက် အအုံများကို အမြန်ဆုံးဖယ်ရှား ရှင်းလင်းပြီးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်တည်ဆောက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှုနည်းသော အပြာရောင် အဆင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ခရီးသွားရာသီကာလ ခရီးသွားများပိုမို ဝင်ရောက်လာချိန်မတိုင်မီ အဆင်သင့်ဖြစ်နေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်လုပ်ငန်းများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်စေရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် ဟိုတယ်နှင့် ဆက်စပ်လုပ်ငန်းများကိုသာ လိုင်စင်သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များမှ လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများက ဟိုတယ်များ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ပျက်စီးသောနေရာများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ထားရှိမှု၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
Posted on Jul 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း
Posted on Jul 9, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း