ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 06, 2025
နေပြည်တော် စက်တင်ဘာ ၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၊ အောင်မြေမန္တလာအားကစားကွင်းနှင့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းတို့၌ အားကစားကွင်းအလိုက် စိမ်းလန်းစိုပြည်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး စနစ်တကျဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများကို အားကစားနည်းစုံစုံလင်လင်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်သွားရန်နှင့် မြို့နယ်အားကစားတာဝန်ခံများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားကွင်း၊ အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး နှင့် စိမ်းလန်းစိုပြည်စေရေး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်း အုတ်ရိုးပြန်လည်ဆောက်လုပ်ပြီးစီးမှုနှင့် ဘောလုံးကွင်း၏ -2.8 Level၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်းပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများ အား ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ယာယီထောက်မမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မှန်အကာနံရံများ၊ ပြတင်းတံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ကြမ်းခင်း Topping နှင့် ကြွေပြားခွာထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပျက်စီးခဲ့သည့် မန္တလေးဘောလုံးအကယ်ဒမီကျောင်း အဆောက်အအုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် အမျိုးသမီးဘောလုံး အကယ်ဒမီကျောင်းတည်ဆောက် နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Sep 4, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Sep 5, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Posted on Sep 5, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)