ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 01, 2025
နေပြည်တော် အောက်တိုဘာ ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိကျောက်စိမ်းခန်းမ၌ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေနေပြည်တော်သည် မြန်မာနိုင်ငံ၏ အဓိကအုပ်ချုပ်ရေးမြို့တော်ဖြစ်သည့်အပြင် အဓိကခရီးစဉ်ဒေသကြီးများတည်ရှိရာ မြို့ဖြစ်သည့်အတွက် ဟိုတယ်များ၏ ဝန်ဆောင်မှုအရည်အသွေးများမြင့်မားကောင်းမွန်နေစေရန် လိုအပ်ကြောင်း၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးမြင့်မား လာစေရုံသာမက ဟိုတယ်များ၌ရှိရမည့် ဟိုတယ်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများအား စံနှုန်းသတ်မှတ် ချက်များအတိုင်း စုံလင်မှုရှိနေစေရန် စီစဉ်ထားရှိကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဟိုတယ်များ၏ ဝန်ဆောင်မှုအရည်အသွေးမြင့်မားလာစေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေနှင့် ဧည့်ခံကျွေးမွေရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ သင်တန်းများတက်ရောက်မှုအခြေအနေ၊ ဝန်ဆောင်မှုအရည်အသွေးမြင့်မားလာရေးအတွက် စီမံဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအပြင်ဘက် ခြံစည်းရိုးအုတ်တံတိုင်းများ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ အားကစားသမားများ၏ အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက်လေ့ကျင့်နေမှုများနှင့် ကွင်းသွင်း ခြင်းခတ်အားကစားသမားများ ၏လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်/နည်းပြများနှင့်အားကစားသမားများနှင့်တွေ့ဆုံ၍ ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားရန်မှာကြားသည်။
ယင်းနောက် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်းရှိ ဓာတ်လှေကား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေ၊ VIP ဧည့်ခန်းမအားဆောက်လုပ်ရေးအထောက် အကူပြုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများရေရှည်တည်တံ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ Working Schedule အတိုင်း အချိန်မီပြီးစီးစေရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
