ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 03, 2025
ရန်ကုန် နိုဝင်ဘာ ၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သေနတ်ပစ်အားကစားကွင်းသို့ သွားရောက်ပြီး စခန်းဝင်လေ့ကျင့်နေသည့် သေနတ်ပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံရာ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြိုင်ပွဲသုံးပစ္စည်းများကို ဝယ်ယူခွင့်ရရှိနိုင်စေရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် တာဝန်ရှိသူများနှင့်အတူ မြန်မာအားကစားအဖွဲ့အောင်မြင်မှုရရှိစေရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးနိုင်ရန် အစွမ်းကုန်နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များတွင် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ ပြိုင်ပွဲတွင် အဆင့်အတန်းမီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်း၌ လေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ သွားရောက်ပြီး မြားပစ်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ နည်းစနစ်ပိုင်း မှန်ကန်ပြီး ရမှတ်များ တိကျမှုရှိစေရန်အတွက် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိအောင် လေ့ကျင့်ရန်လိုကြောင်း၊ ရမှတ်များ ပိုမိုကောင်းမွန်စေရန် ဖြတ်ထိုးဉာဏ်သုံးပြီး အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း၊ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုစိုက်ကြရန်လိုကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်လွဲပိုင်းတွင် သုဝဏ္ဏအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံကိုယ်စားပြု ISPE အမျိုးသမီးဘောလုံးအသင်း၏ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ မြန်မာ့အားမာန်၊ အားကစားစိတ်ဓာတ်၊ အားကစားသမားကောင်းတစ်ယောက်၏ စိတ်ထား၊ အသင်းအဖွဲ့စိတ်ဓာတ်တို့ဖြင့် အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ပြီး မိမိအသင်း၏ဂုဏ်၊ ဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားရန်လိုကြောင်း၊ ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်အသင်းကို အနိုင်ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရရှိအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားသွားရန်လိုကြောင်း မှာကြားပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများက လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Posted on Nov 03, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
