ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ-ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ပူးပေါင်းရိုက်ကူးနေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ-ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ပူးပေါင်းရိုက်ကူးနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 05, 2026
image_latest


ရန်ကုန် မတ် ၄ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ်၌ မြန်မာ - ကိုရီးယား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် မြန်မာ-ကိုရီးယားပူးပေါင်း၍ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းမအတွင်း၌ ဆရာနှင့် တပည့်ကျောင်းသား ကျောင်းသူများ ဆွေးနွေးခန်းရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး အဆိုပါ အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဂုဏ်ပြုသစ်သီးခြင်းပေးအပ်သည်။

အဆိုပါ “အားလုံးကို ကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲကို နာမည်ကျော် ကိုရီးယားဒါရိုက်တာ ရှင်ကီဝန်းဦးဆောင်၍ ကိုရီးယားသရုပ်ဆောင် ၁၃ ဦး၊ မြန်မာသရုပ်ဆောင် ကိုးဦးတို့ဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လကုန်ခန့်အထိ ရိုက်ကူးရေးဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံသို့လည်း ဆက်လက် သွားရောက်ရိုက်ကူးကာ MRTV Channel များနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နေသည့် ဝဇီရာကဇာတ်ရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံ ဗိသုကာကောင်စီနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူတို့က အဆင့်မြှင့်တင်ဆောင်ရွက်နေသော ဝဇီရာကဇာတ်ရုံ၏ လုပ်ငန်းပိုင်းဆိုင်ရာတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေသွယ်တန်းမှု အဆင်ပြေပြီဖြစ်၍ ကျန်သောအပိုင်းအားလုံး အမြန်ပြီးစီးရေး ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ကဇာတ်ရုံအား ရှေးဟောင်းလက်ရာမပျက် ပြုပြင်မှုနှင့်အတူ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီလှပမှုနှင့် ကဇာတ်ရုံ၏ အနှစ်သာရတို့ကို ပုံရိပ်လှပစွာ ပြသသွားနိုင်မည်ဖြစ်ပြီး နိုင်ငံတကာပြပွဲများ၊ တိုင်းရင်း သားရိုးရာပွဲများနှင့် ပန်းချီပြပွဲတို့ကိုပြသရာ၌ အဆင့်မီမီပြသသွားနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဝဇီရာကဇာတ်ရုံ ပြုပြင်မွမ်းမံနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026
AnnouncementsExplore more >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်