ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 05, 2026
နေပြည်တော် မေ ၄
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ၏ မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့်အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ကျန်ရှိသည့်လုပ်ငန်းများကို မေလအကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာဖတ်သူများ ပျော်ရွှင်စွာလေ့လာဖတ်ရှုနိုင်သည့်နေရာဖြစ်အောင် ဖန်တီးထားရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပတ်ဝန်းကျင်တွင် စာလာရောက်ဖတ်ရှုမည့်သူများ အပန်းဖြေနိုင်ရန်အတွက် ကော်ဖီအရောင်းဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ စာဖတ်သူဦးရေကို ယခုလာရောက်ဖတ်ရှုသည့်နှုန်းထားထက် ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပုံမှန်လုပ်ငန်းဖြစ်သည့် Digitization လုပ်ငန်းများကိုလည်း အရှိန်မြှင့်တင်ရန်လိုအပ်ကြောင်း။
နိုင်ငံတော်သမ္မတက ပညာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေ သည့်အတွက် စာကြည့်တိုက်များသည်လည်း ပညာရေးမြှင့်တင်ခြင်းတွင် ပါဝင်နေခြင်းကြောင့် စာကြည့်တိုက်များတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပညာသည် စာထဲတွင်ရှိသည့်အတွက်ကြောင့် စာဖတ်ရန်လိုအပ်ပါကြောင်း၊ စာဖတ်သူဦးရေတိုးတက်လာစေရန် အမျိုးသားစာကြည့်တိုက်များ၏ လှုပ်ရှားမှုများကို Social Media များတွင် တင်ပြခြင်း၊ မြဝတီရုပ်မြင်သံကြားနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်တို့မှတစ်ဆင့် Talk Show များ၊ Interview များရိုက်ကူး၍ အများပြည်သူများသိရှိ နိုင်စေရန် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက်အအုံအတွင်းရှိ တက္ကသိုလ်မြတ်သူ စာစုခန်း၊ Donor Collection ၊ ကလေးစာဖတ်ခန်း၊ Data Center ၊ အာဆီယံစာစုခန်း၊ ပေပြကွက်၊ e-Library ၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေပုရပိုက်ခန်းနှင့် သုတေသနဌာနခွဲရုံးခန်းများသို့ လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်အသုံးပြုသူများ ပိုမိုများပြားလာစေရေး ဆောင်ရွက်ရန်၊ စာအုပ်စာစောင်များအား Digital Format ပြုလုပ်ခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ အဆောက်အအုံအတွင်းနှင့် စာပေပစ္စည်းများ ပိုးမွှားအန္တရာယ်ကင်းဝေးစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
