ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲတက်ရောက်
Ministry of Information/ Naypyitaw / May 05, 2026
နေပြည်တော် မေ ၄
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) ၌ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတက “မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ကြောင်းကို လမ်းညွှန်မှုပြုထားသဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ကာလတိုနှင့် လိုအပ်ချက်ရှိသည့် တိုင်းဒေသကြီး / ပြည်နယ်များသို့ သွားရောက်လေ့ကျင့်သင်ကြားနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊၊
သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ကြားပေးလိုက်သည့် စက်မှုပညာရပ်များကို လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ပြီး စဉ်ဆက်မပြတ်သင်ယူလေ့လာကြရန်၊ ကျရာအခန်းကဏ္ဍမှ နိုင်ငံနှင့်လူမျိုးအတွက် စက်မှုနှင့်ပတ်သက်သည့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ စက်မှုအခြေခံကောင်းများမှ တစ်ဆင့် တီတွင်သုတေသနပြုမှု၊ ဒီဇိုင်းဆန်းသစ်မှု၊ ခေတ်နှင့်အမီ ရင်ပေါင်တန်းနိုင်မှု၊ စီးပွားရေး တွက်ခြေကိုက်မှုများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်ဆောင်ရွက်နိုင်သည်အထိ ကြိုးစား သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သင်ကြားပေးမည့် စာတွေ့/လက်တွေ့ ဘာသာရပ်များ အောင်မြင်အောင်ကြိုးစားသင်ယူသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် လူငယ်များဖြစ်လာစေရန် ဆန္ဒပြုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းကျောင်း ခန်းမ၌ ဆရာ ဆရာမများကိုတွေ့ဆုံ၍ ဆရာ ဆရာမများအနေဖြင့် မိမိတို့ဘာသာရပ်များအလိုက် နိုင်ငံတကာစံနှုန်းများကိုလေ့လာပြီး လက်တွေ့အသုံးချနိုင်မည့်အခြေအနေများကို ပြုစုဖော်ထုတ်သွားကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးရုံးတွင် MSME အေဂျင်စီအဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ စက်မှုဇုန်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ MSME ကဏ္ဍဆိုင်ရာလမ်းညွှန်ချက်များ၊ ဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တာဝန်ယူပြီး ရက် (၁၀၀) အတွင်း ဆောင်ရွက်သွားမည့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များ၊ ဒေသဆိုင်ရာစက်မှုဇုန်ကော်မတီဝင်များက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည့် လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
