ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
Ministry of Information/ Naypyitaw / April 10, 2026
နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေး ရွှိုင်းဂူထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်
အဆွေတော်
မစ္စတာ မင်းအောင်လှိုင်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။
အဆွေတော်၏ အရည်အချင်းပြည့်ဝလှသည့် ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သည် စည်းလုံးမှုအားကောင်း၍ ဖွံ့ဖြိုးတိုးတက်ကာ စီးပွားရေးမြင့်တက်လာမည်ဟု ယုံကြည်ပါ သည်။
အဆွေတော်နှင့် မိမိတို့အကြား တွေ့ဆုံဆွေးနွေးမှုများကို ကောင်းစွာအမှတ်ရလျက်ရှိပြီး အဆွေတော်နှင့် ပုဂ္ဂိုလ်ရေးထိတွေ့ဆက်ဆံခွင့်ရရှိသည့်အတွက် စိတ်ရင်းဖြင့်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
အဆွေတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်၍ တိုးတက်ကောင်းမွန်လာစေရန်အတွက် ခိုင်မာသော အုတ်မြစ်တစ်ခုဖြစ်သည်ဟု မိမိယုံကြည် ပါသည်။ နှစ်နိုင်ငံပြည်သူများအကြား ခိုင်မာသောဆက်ဆံရေးသည် ကာလရှည်ကြာတည်တံ့ခဲ့ပြီး နက်ရှိုင်းသော အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
အဆွေတော်အား ကျန်းမာရွှင်လန်း၍ လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများ ရရှိပါစေကြောင်း နှင့် မြန်မာပြည်သူများ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဆာဂေး ရွှိုင်းဂူ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး
အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on Apr 9, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...
Posted on Apr 3, 2026မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
