ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်


Ministry of Information/ Naypyitaw / December 16, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ခေါင်းဆောင်များ ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ခဲ့မှုအခြေအနေများ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အာဆီယံပဋိဉာဉ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၁/၂၀၂၅)နှင့် (၂/၂၀၂၅) တို့တွင် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့် လိပ်စာ/ ဖုန်းနံပါတ်များ ကြေညာခြင်း

Posted on Dec 18, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)နှင့် (၂/၂၀၂၅) တို့တွင် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့် လိပ်စာ/ ဖုန်းနံပါတ်များ ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန်(အမျိုးသား/ အမျိုးသမီး) ရာထူး (၃၀)နေရာအတွက် ...

Posted on Dec 18, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန်(အမျိုးသား/ အမျိုးသမီး) ရာထူး (၃၀)နေရာအတွက် ရွေးချယ်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၁၉)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် ရွေးချယ်ခံရသူများ အမည်စာရင်း ကြေညာခြင်း

Posted on Dec 18, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၁၉)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် ရွေးချယ်ခံရသူများ အမည်စာရင်း ကြေညာခြင်း

HOT NEWS
January 4,