ပြည်​ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အုပ်ချုပ်​ရေးပညာဖွံ့ဖြိုးမှုသင်တန်း​ကျောင်း ကြည့်ရှုစစ်​ဆေး

ပြည်​ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အုပ်ချုပ်​ရေးပညာဖွံ့ဖြိုးမှုသင်တန်း​ကျောင်း ကြည့်ရှုစစ်​ဆေး


Ministry of Information/ Naypyitaw / November 24, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၃

ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်သည် ယမန်​နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း​ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အုပ်ချုပ်​ရေးပညာဖွံ့ဖြိုးမှုသင်တန်း​ကျောင်းကို သွား​ရောက်ကြည့်ရှုစစ်​ဆေးသည်။

ဦးစွာ အစည်းအ​ဝေးခန်းမ၌ ​ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဦးညီညီမင်းက သင်တန်း​ကျောင်း၏ သမိုင်းအကျဉ်းနှင့် လုပ်ငန်း​ဆောင်ရွက်မှုအ​​ခြေအ​နေများကို ရှင်းလင်းတင်ပြရာ ပြည်​ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့​နောက် အရာထမ်းများနှင့်လည်း​ကောင်း၊ ​အောင်ဆန်းခန်းမ၌ အရာထမ်း၊ အမှုထမ်း ၁၀၉ ဦး နှင့် ပြည်​ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ​ကောလိပ်ဆင်း ​ကျောင်းသား ​ကျောင်းသူ ၁၁၇ ဦးတို့နှင့်လည်း​ကောင်း​ တွေ့ဆုံမှာကြားပြီး သင်တန်းသားများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားကုန်များနှင့် ချီးမြှင့်​ငွေများ ​ပေးအပ်သည်။

ယင်း​နောက် သင်တန်းသား သင်တန်းသူများ၏ အိပ်​ဆောင်များ၊ စားရိပ်သာနှင့် စားဖို​ဆောင်များ၊ ဝန်ထမ်း​နေအိမ်လိုင်းခန်းများ၊ သုံးထပ်ရုံးအ​ဆောက်အအုံရှိ စာကြည့်တိုက်နှင့် စာသင်ခန်းမတို့ကို ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,