ပြန်လည်ထူထောင်ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနား “စွဲမက်ဖွယ်ရာပြည်မြန်မာ (Myanmar Be Enchanted)” Short Video ပြိုင်ပွဲဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

ပြန်လည်ထူထောင်ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး


Ministry of Information/ Naypyitaw / September 19, 2024
image_latest


နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသောစာရင်းများအရ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ခြင်းနှင့် စပါးနှင့်သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခြင်းတို့လည်း ပါဝင်သည်။ မိုးလေဝသကြိုတင်သတိပေးချက်များရှိခဲ့သော်လည်း မျှော်လင့်မထားသည့် အတိုင်းအတာအထိ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သော မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှု များပြားသည်။

မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းတို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အဓိကပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်များမကျရောက်မီ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန်၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ဆောင်ရွက်ရန် စသည်တို့ကို သက်ဆိုင်ရာဌာနများက အကြံပြုထုတ်ပြန်ပေးလျက်ရှိရာ မိုးလေဝသသတင်းများကို မပြတ်နားစွင့်နေရန် လိုအပ်သလို ဆောင်ရန် ရှောင်ရန် အကြံပြုချက်များကိုလည်း လေ့လာမှတ်သား ပြင်ဆင်ထားကြရန်လိုသည်။ ယခုအချိန်တွင်မူ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ပြန်လည်ထူထောင်စိုက်မွေးကြရတော့မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၈ ရက်က ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တွင် ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားရာတွင် “စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နွေသီးနှံများကို အပြည့်ပြန်လည်စိုက်ပျိုးပြီး မိုးရာသီတွင်ပျက်စီးသွားသည့် သီးနှံများကို ဖြည့်စွက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး “မွေးမြူရေးများနှင့် ပတ်သက်၍လည်း မွေးမြူထားသည့် တိရစ္ဆာန်များသေဆုံးခဲ့မှုများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင်လည်း စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် အကျိုးကျေးဇူးများကို ပိုမိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် မွေးမြူရေးတိရစ္ဆာန်များ အစာရေစာကျွေးမွေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ အရေးကြီးသည်။ တိရစ္ဆာန်များကို သန့်ရှင်းမှုမရှိသော ရေနှင့် ရေစိုမှိုတက်သည့်အစာများ မကျွေးမိစေရန်နှင့် ရေကြီးရေလျှံပြီးနောက် ကျရောက်တတ်သည့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ဂရုပြုရမည်ဖြစ်သည်။ တိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပြီး နေမကောင်းသည့်လက္ခဏာတွေ့ပါက တိရစ္ဆာန်ဆေးကုဆရာဝန်ကို အမြန်ဆုံးခေါ်ရန်၊ မကျန်းမာသည့် တိရစ္ဆာန်ကို ခွဲခြားထားရှိရန်တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ရောဂါကျရောက်သေဆုံးသည့် တိရစ္ဆာန်အသေကောင်ကို ရောဂါပိုးမပျံ့နှံ့စေရန် တားဆီးသည့် နည်းလမ်းများဖြင့် ဖျက်ဆီးရန်နှင့် အသားဖျက်၍ ရောင်းချခြင်း၊ စားသောက်ခြင်းတို့မပြုရန် ပညာရှင်များက အကြံပြုလမ်းညွှန်ထားသည်။

မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းတို့အပါအဝင် သဘာဝဘေးအန္တရာယ်များမှာ အနာဂတ်ကာလများတွင် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ရာ မိမိတို့လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အစီအမံများရေးဆွဲခြင်း၊ လုပ်ငန်းတူမိတ်ဆွေများနှင့် အသင်းအပင်းများ စုဖွဲ့ကာ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ရင်ဆိုင်ကျော်လွှားကြရ ပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနား “စွဲမက်ဖွယ်ရာပြည်မြန်မာ (Myanmar Be Enchanted)” Short Video ပြိုင်ပွဲဆုရရှိသူများ အမည်စာရင်းကြေညာခြင်း


Ministry of Hotel & Tourism/ နေပြည်တော် / September 18, 2024


နေပြည်တော်၊ စက်တင်ဘာလ (၁၈) ရက်

Download