မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၃၇၁/၂ နှင့် ၃၇၁/၃ ကြား ယာဉ်တိုက်မှု
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၃၇၁/၂ နှင့် ၃၇၁/၃ ကြား ယာဉ်တိုက်မှု
Ministry of Home Affairs/ Nay Pyi Taw / January 28, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၃၇၁/၂ နှင့် ၃၇၁/၃ ကြားတွင် မကွေးမှ ပခုက္ကူသို့ ယာဉ်မောင်း ဦးသန်းမြင့်ဦး မောင်းနှင်လာသော ယာဉ်အမှတ် MGY-5၊ 2R/XXXX FOTON အမျိုးအစား အန်စာတုံး (အဖြူရောင်) “ချယ်ရီမြန်မာ” ခရီးသည်တင်ယာဉ်သည် မောင်းနှင်နေစဉ် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောလမ်းဘေးရှိ မယ်ဇလီပင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းနှင့် ဂွေးပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် FOTON အမျိုးအစား အန်စာတုံးခရီးသည်တင်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ရှစ်ဦးအနက် အမျိုးသား တစ်ဦး (သေဆုံး)၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးသန်းမြင့်ဦးအား ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Myanmar National Human Rights Commission Statement No. (7/2025)
Posted on Jun 24, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Posted on Jun 24, 2025