မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများအား တွေ့ဆုံပြီး စာမေးပွဲဆိုင်ရာဆောင်ရွက်ရန် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြား
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများအား တွေ့ဆုံပြီး စာမေးပွဲဆိုင်ရာဆောင်ရွက်ရန် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြား
Ministry of Information/ Naypyitaw / March 04, 2026
မန္တလေး မတ် ၃
မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ဆောင်ရွက်ရန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများနှင့် တွဲဖက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၅၅ ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် တာဝန်ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တွဲဖက်ကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် စာမေးပွဲလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြရာတွင် မေးခွန်းများ ထုတ်ယူသည့်အချိန်မှစပြီး စာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး၊ စာမေးပွဲဖြေဆိုနေစဉ်နှင့် စာမေးပွဲကာလအတွင်း လုံခြုံရေး၊ အဖြေလွှာများ ပြန်လည်အပ်နှံပို့ဆောင်ရေးလုပ်ငန်းများအထိ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် လုံခြုံရေးအထူးသတိရှိစွာဖြင့် စနစ်တကျကြပ်မတ်ကာ အထူးဂရုပြုအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ဝေသည့် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲအတိုင်း အလေးအနက်ထားကာ ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချပြီး စိတ်ချမ်းမြေ့စွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေး၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအားလုံးဝိုင်းဝန်းပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေသူစာရင်းသွင်းဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
