မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မော်တော်ယာဉ် ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မော်တော်ယာဉ် ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 27, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မော်တော်ယာဉ်ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ ဟူစိန်အာမတ်(၅၅)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်သူဇာဝင်း(၄၀)နှစ်၊ သားဖြစ်သူ မောင်မျိုးမင်းသူ(၃)နှစ်၊ သမီးဖြစ်သူ မဇူးဇူးဝင်း(၉)နှစ်နှင့် ယောက္ခမဖြစ်သူ ဒေါ်ဇူးလေးခါ(၆၄)နှစ်တို့ လိုက်ပါလာသည့် YGN-39/2N-XXXX KLUGER အမျိုးအစား မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ဒေါ်ဇူးလေးခါနှင့် ဒေါ်သူဇာဝင်းတို့ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဟူစိန်အာမတ်၊ မောင်မျိုးမင်းသူနှင့် မဇူးဇူးဝင်းတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ဟူစိန်အာမတ် အား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Posted on May 27, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
