မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / May 27, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်ရှိ အင်းလေးရတနာကားဂိတ်၌ မီနီအိုးဝေဖြင့် တန်ဆာပစ္စည်းလာရောက်ထုတ်ယူသူ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အနောက်)ရပ်ကွက်နေ ညီညီဝိုင်း(၃၉)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထုတ်ယူလာသည့် တန်ဆာပစ္စည်း အင်္ဂတေမီးဖိုများအတွင်း သိုဝှက်ထည့်သွင်းထားသည့် ဘိန်းစိမ်း ၂၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် ၂၀၇ သိန်း) အား ဖမ်းဆီးရမိသဖြင့် ညီညီဝိုင်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Posted on May 27, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
