မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့် ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့် ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / January 10, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၀

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ သာယာကုန်း ကျေးရွာနေ ဦးခင်မောင်ကြည် (၅၉) နှစ်၊ (ဘ) ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်းမှငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီ ရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေး မည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေ (၁၀၀,၃၀၂,၄၀၀) ကျပ်ထည့် ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်းတပ်ဆင်ထားသည့် CCTV ကြိုး များအားဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားစဉ် ညစောင့်တာဝန်ဆောင်ရွက်နေသည့် Aliance ငွေစုငွေချေးရုံးမှ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၈ ရက်နေ့ ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို (၃၃) နှစ် (ဘ) ဦးဌေးဝင်းနှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး (၂၁) နေ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီး (၂၈) နှစ် (ဘ) ဦးညွန့်ဖေတို့နှစ်ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါက ငွေကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်း လာရောက်စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်း ဖြစ်ကြောင်း၊ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကိုကိုတို့ ၂ ဦးက မက်လုံးပေးစည်းရုံးထားသဖြင့် မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်း ကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံဖြစ်သူ ခင်မောင်ကြည်၏ထွက်ဆိုချက်အရ ကျန်တရားခံများအား ဖမ်းဆီးရမိနိုင် ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစု ငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး (၇)နေ ဆန်းအေး (ခ) ကာဒရ်ဘိုင် (၅၂) နှစ် (ဘ) ဦးမူဆာတို့ ၃ ဦးအား ငွေ (၉၉,၇၀၂,၄၀၀) ကျပ်၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံး၊ ရုံးသုံးလပ်တော့ ၂ လုံး၊ ရုံးသုံးကြိုးဖုန်း ၁ လုံး၊ ရုံးသုံး CCTV ၃ လုံး၊ အစိမ်းရောင်တိပ်ခွေ ၁ ခု၊ ကတ်ကြေး ၁ လက်၊ ရုံးသုံး Tablet ၁ လုံး၊ ကျောပိုးအိတ် ၂ လုံးနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ တရားခံအောင်ကိုကို၊ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် ခင်မောင်ကြည်တို့ ၃ ဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုအား ဖုံးကွယ်၍ ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးအဖွဲ့ အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တရားခံ အောင်ကိုကိုပါ ၃ ဦးနှင့် ပူးပေါင်းကျူးလွန်သူ တရားခံ ဆန်းအေး (ခ) ကာဒရ်ဘိုင်တို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 09, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Posted on Jan 06, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)

Posted on Jan 10, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jan 10, 2025

အလုပ်လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,