မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်းရပ်၌ နေအိမ် မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်းရပ်၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ Naypyitaw / May 13, 2025
၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်းရပ်၌ ပိုင်ရှင် ဒေါ်တင်မေ၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ နံကပ် နှစ်ထပ် နေအိမ် အပေါ်ထပ်ရှိ တူဖြစ်သူ ဦးကျော်သူအောင်၏ အိပ်ခန်းအတွင်း ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ နံကပ် နှစ်ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ရှိသူ ဦးကျော်သူအောင် အား အမရပူရမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်...
Posted on May 13, 2025Travel Advisory (1/2025)
Posted on May 12, 2025ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Posted on May 12, 2025