မိုးကြို မိုးနှောင်းကာလ သတိပြုရမည့် မိုးကြိုးအန္တရာယ်

မိုးကြို မိုးနှောင်းကာလ သတိပြုရမည့် မိုးကြိုးအန္တရာယ်


Ministry of Information/ Naypyitaw / April 10, 2026
image_latest


နွေရာသီကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပြန်တက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။ ၎င်းမိုးတိမ် တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်ရှိ နေရာများတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များသည် ဖြစ်ပွားရာဒေသ မကျယ်ပြန့်ဘဲ အချိန်ကာလအားဖြင့်လည်း တိုတောင်းသည်။ ပျက်စီးဆုံးရှုံးမှုအနေဖြင့် လေပြင်းကြောင့် အဆောက်အအုံများ အမိုးလန်ခြင်း၊ ခိုင်ခံ့မှုအားနည်းသည့် အဆောက်အအုံများ ပြိုကျခြင်း၊ သစ်ပင်များလဲကျခြင်း၊ ဖုန်းကြိုး၊ ဓာတ်အားကြိုးများ ပြတ်တောက်ခြင်းနှင့် မိုးကြိုးကြောင့် လူနှင့် ကျွဲနွားတိရစ္ဆာန်များ သေကျေဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစကာ အထက်တွင် ဖော်ပြခဲ့သည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပွားမှု ပိုမိုများပြားလာသည်။ အထူးသဖြင့် မိုးကြိုးအန္တရာယ် သည် ပိုမိုကြီးမားလာပြီး နိုင်ငံတစ်ဝန်းလုံးတွင် နှစ်စဉ် လူတစ်ရာ ကျော်မှ တစ်ရာ့သုံးဆယ်ကျော်အထိ မိုးကြိုးကြောင့် အသက်ဆုံးရှုံးခဲ့ရာ လူတိုင်းမိုးကြိုး၏သဘောသဘာဝကို နားလည်ရန်နှင့် မိုးကြိုးအန္တရာယ်မှ ရှောင်ရှားတတ်ရန် လိုအပ်သည်။ မိုးကြိုးအန္တရာယ်သည် မိုးကြိုကာလ ဧပြီလ၊ မေလနှင့် မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အဖြစ်များသည်။ တစ်နေ့တာအတွင်း မိုးကြိုးပစ်မှု အဖြစ်အများဆုံး အချိန်သည် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီ အတွင်းဖြစ်ကြောင်း လေ့လာတွေ့ရှိထားကြသည်။

မိုးကြိုးဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ သီအိုရီတစ်ခုထက်မက ရှိသော်လည်း အဓိကအချက်မှာ သဘာဝအားဖြင့် စုဝေးနေသည့် လျှပ်စစ်အဖိုဓာတ်နှင့် လျှပ်စစ်အမဓာတ်တို့ လျှပ်ကူးမှုဖြစ်ပေါ်ခြင်း ပင်ဖြစ်သည်။ ယင်းသို့ လျှပ်ကူးရာတွင် (၁) တိမ်တိုက်တစ်ခုတည်းအတွင်း လျှပ်ကူးခြင်း၊ (၂) တိမ်တိုက်တစ်ခုနှင့် အခြားတိမ်တိုက်တစ်ခု လျှပ်ကူးခြင်း၊ (၃) တိမ်တိုက်မှ မြေပြင်သို့ လျှပ်ကူးခြင်းနှင့် (၄) မြေပြင်မှ တိမ်တိုက်သို့ လျှပ်ကူးခြင်းဟူ၍ လေးမျိုးရှိရာ ပထမနှစ်မျိုးကို လျှပ်စီးလက်ခြင်းနှင့် မိုးထစ်ချုန်းခြင်းဟူ၍ သိရှိထားကြပြီး ဒုတိယနှစ်မျိုးကိုမူ မိုးကြိုးပစ်ခြင်းအဖြစ် သိရှိထားကြသည်။

မိုးတိမ်တိုက်နှင့် မြေပြင်အကြား လျှပ်ကူး၍ မိုးကြိုးပစ်ရာတွင် အကွာအဝေး ငါးကီလိုမီတာမှ ခြောက်ကီလိုမီတာအကြား သန်းနှင့်ချီသော ဗို့အားပမာဏ၊ သောင်းမှ သိန်းအထိရှိသော လျှပ်စီးအမ်ပီယာဖြင့် လျှပ်စစ်စီးဆင်းခြင်းဖြစ်သည်။ မြင့်မားသည့် လျှပ်စစ်စီးဆင်းမှု ဖြစ်သည့်အတွက် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်လာကာ လူနှင့်ကျွဲနွား တိရစ္ဆာန်များ ၎င်းလျှပ်စစ်စက်ကွင်းအတွင်း ကျရောက်ပါကလည်း ဒဏ်ရာရမှု၊ သေကျေမှုဖြစ်စေနိုင်သည်။ မိုးကြိုးတိမ်တိုက် ဖြစ်ပေါ်လာပါက လူတစ်ဦး၏ မိုးကြိုးပစ်ခံရနိုင်မှုအခြေအနေမှာ ထိုသူရောက်ရှိနေသည့် တည်နေရာပေါ်တွင် မူတည်၍ ကွာခြားချက်ရှိသည်။ လွင်တီးခေါင်၊ ကွင်းပြင်၊ သောင်ပြင်တို့တွင် ရောက်ရှိနေသူသည် မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင်နှုန်းရှိသည်။ သစ်ပင်အောက်တွင် ရှိနေသူသည် ဒုတိယအများဆုံး ဖြစ်၍ ၂၃ ရာခိုင်နှုန်းရှိပြီး ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်စသည့်ရေနှင့် ထိစပ်သောနေရာများ၌ ရှိနေချိန်တွင် တတိယအများဆုံး ဖြစ်၍ ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ မိုးကြိုးပစ်ခံရမှု များသည် အဆောက်အအုံများ၏ ပြင်ပတွင် ဖြစ်ပွားမှု ၉၉ ရာခိုင်နှုန်း ခန့်ရှိပြီး အဆောက်အအုံများအတွင်းတွင် ၁ ရာခိုင်နှုန်းခန့်သာရှိရာ မိုးထစ်ချုန်းရွာသွန်းနေချိန်တွင် အဆောက်အအုံများအတွင်း ခိုလှုံနေထိုင်ခြင်းက ဘေးအကင်းဆုံးဖြစ်သည်။

ယခုကဲ့သို့ မိုးကြိုကာလ မိုးလေဝသဖြစ်စဉ်များဖြစ်သော လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်လာပါက တတ်နိုင်သမျှ အဆောက်အအုံအတွင်း၌သာ နေထိုင်သင့်သည်။ အိမ်အပြင်တွင် ရောက်ရှိနေပါက အိမ်ထဲသို့ ချက်ချင်းပြေးဝင်ရန်၊ သံ/သတ္တုပစ္စည်းများကို ကိုင်မထားရန်၊ သစ်ပင်၊ ဓာတ်တိုင်၊ သံ/သတ္ထုပစ္စည်းများအနီး မနေရန်၊ ရေကန်၊ မြစ်ချောင်း အင်းအိုင်များထဲ၌ ရှိနေပါက ချက်ချင်းတက်ပြီး လုံခြုံသည့် အမိုးအကာအောက်တွင် နေရန်၊ အိမ်အပြင်တွင် လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီဖြန့်ခွဲ၍နေရန်၊ ကွင်းပြင်အလယ်တွင် ရောက်နေပါက လျှပ်လက်၍ မိုးချုန်းသံကြားလျှင် နီးစပ်ရာနိမ့်သောနေရာများ၊ ချိုင့်ဝှမ်းများအတွင်းဝပ်နေရန်၊ ကွင်းပြင်နှင့် လယ်ကွင်းများတွင် ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်ဖက်ပေါ် လက်တင်၍ ခေါင်းငုံ့ထားရန်၊ ဆံပင်များ ထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်၍ ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွတ်ထားရန်နှင့် မြေပြင်ပေါ်တွင် ပြားပြားဝပ်မှောက်မနေရန် သက်ဆိုင်ရာဌာနက အသိပညာပေးဖြန့်ဝေထားရာ မှတ်သားလိုက်နာကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 08, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on Apr 9, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...

Posted on Apr 3, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်