မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းများသို့ သွင်းအားစုများထောက်ပံ့

မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းများသို့ သွင်းအားစုများထောက်ပံ့


Ministry of Information/ Naypyitaw / July 03, 2024
image_latest


မိုးနဲ ဇူလိုင် ၂

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်၌ (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းအချင်းချင်းပံ့ပိုးငွေနှင့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းများသို့ သွင်းအားစုမြေသြဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၁ ရက်က မိုးနဲမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ကြည်က သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသုံးသင်းမှ အသင်းသားတောင်သူ ၆၀၏ မိုးစပါးစိုက်ပျိုးဧက ၃၀၀ အတွက် ပုလဲဓာတ်မြေသြဇာအိတ် ၃၀၀၊ ကွန်ပေါင်းဓာတ်မြေသြဇာ အိတ် ၃၀၀နှင့် ဗေဒါသဘာဝမြေသြဇာ အိတ် ၁၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၆၀၀ ကို ​ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဒေါ်စိန်မြက အသင်းသားတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 02, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024