မြန်မာနိုင်ငံဂုဏ်သိက္ခာမြင့်မားရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

မြန်မာနိုင်ငံဂုဏ်သိက္ခာမြင့်မားရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်


Ministry of Information/ Naypyitaw / September 01, 2025
image_latest


တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင်းပင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအကြားကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှေးအစဉ်အလာမပျက်ခိုင်မာသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြဲထောက်ခံရပ်တည်အားပေးလျက်ရှိသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများကိုလည်း ထောက်ခံပြီး မြန်မာပြည်သူလူထုဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို ခိုင်မာစွာရပ်တည်လျက်ရှိသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယာယီသမ္မတက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ OBOR စီမံကိန်းနှင့် မြန်မာ့စီးပွားရေးစင်္ကြံ (CMEC) ၌ ပါဝင်သည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝသယံဇာတများအား အကျိုးရှိစွာအသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးနှင့် ပတ်သက်၍ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးရပ်တည်ချက်အပေါ် အထူးအလေးထားမှုနှင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ၂၀၂၅ ခုနှစ် မေလတွင် မော်စကိုမြို့၌ တရုတ်-မြန်မာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးစဉ်သဘောတူညီခဲ့သည့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၌ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်မှု၊ တရုတ်-မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့၌ မြန်မာနိုင်ငံအနေဖြင့် သိက္ခာမြင့်မားစွာ ရပ်တည်နိုင်ရေးကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် မေလတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO) ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးများ စတင်တက်ရောက်ခဲ့သည်။ SCO အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးကို တရုတ်နိုင်ငံက ထောက်ခံအားပေးခဲ့ပြီး ဆက်လက်ထောက်ခံလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး (၂၀၂၅) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်အသိအမှတ်ပြုရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့် ညီလာခံဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နှစ်နိုင်ငံ၏ ထူးခြားချက်မှာ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် အတူတကွပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဖက်ဆစ်တော်လှန်ရေး အနှစ် (၈၀) ပြည့်မြောက်သလို မြန်မာနိုင်ငံအနေဖြင့်လည်း ဖက်ဆစ်ဂျပန်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်တော်လှန်ခဲ့သည်။ မြန်မာ့တပ်မတော်၏ တပ်မတော်နေ့ကို ဖက်ဆစ်တို့အား တော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့၌ နှစ် (၈၀) ပြည့်အခမ်းအနားကျင်းပခဲ့ပြီး ယခုတရုတ်နိုင်ငံ၏ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်အသိအမှတ်ပြုခြင်းသည် နှစ်နိုင်ငံစလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ ပြည်သူများအတွက် နှစ်နိုင်ငံထပ်တူကျသည့် အောင်မြင်မှုများ ဖြစ်ထွန်းခဲ့သလို နှစ်နိုင်ငံနှစ်ပေါင်းရှည်ကြာခဲ့သည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ခိုင်မာဖြစ်ထွန်းလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ခေါင်းဆောင်သည့် အလုပ်သဘောခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Aug 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

Posted on Aug 31, 2025

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

Posted on Aug 29, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဧရာဝတီတိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)