မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း


Myanmar National Human Rights Commission/ yangon / April 23, 2024


၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် လုပ်ငန်းခွင် သာယာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ၂၃ - ၄ -၂၀၂၄ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အသိပညာပေးဆွေးနွေးဟောပြောပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် မကြာသေးခင်အချိန်က ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဟောပြောမှုတွေကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အောင်မြင်စွာပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆက်စပ်မှု၊ အသက်ရှင်သန်ခွင့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအရေးကြီးပုံတို့ကို ထည့်သွင်းဟောပြောခဲ့ပါကြောင်း၊ ယနေ့ဟောပြောပွဲတွင် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် ထိန်းသိမ်းခြင်းများကို မည်သို့ဆောင်ရွက်ရမည်ကို လေ့လာခွင့်ရကြပြီး ကော်မရှင်၏ အဓိကလုပ်ငန်းကြီး (၂)ရပ်ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ခြင်း နှင့်ကာကွယ်ခြင်းလုပ်ငန်းကဏ္ဍများတွင် ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဟောပြောဆွေးနွေးမည့် အကြောင်းအရာ များသည် လူတိုင်းသိရှိထားသင့်သော အရေးကြီးသည့် ခေါင်းစဉ်ဖြစ်ခြင်းကြောင့် တက်ရောက်လာ ကြသည့် ဝန်ထမ်းများမှ သေချာစွာမှတ်သားလေ့လာသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားပါ သည်။

၃။ ထို့နောက် ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကထိက ဒေါ်အိအိဆွေ က “လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် လုပ်ငန်းခွင် သာယာရေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စိတ်ကျန်းမာရေး အကြောင်းသိကောင်းစရာများ၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုဖြစ်ရသည့် အကြောင်းအရာများ၊ စိတ်ဖိစီးမှုများတိုင်းတာခြင်း၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရာတွင် ဆောင်ရွက်ရမည့် အပြုအမူများနှင့်နည်းလမ်းများစသည့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး စိတ်ဖိစီးမှု လျှော့ချရေး လက်တွေ့သရုပ်ပြမှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည် များကို မေးမြန်းခဲ့ကြပါသည်။

၄။ ဟောပြောပွဲကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထ ာ မ်းများ စုစုပေါင်း (၇၆)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြော ပွဲအား (၁၁း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024
AnnouncementsExplore more >

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,