မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လုပ်ငန်းခွင်ဝင်သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လုပ်ငန်းခွင်ဝင်သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ခြင်း


Myanmar National Human Rights Commission/ Yangon / February 10, 2026


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ခန့်အပ်ပြီးဖြစ်သည့် ဦးစီးအရာရှိ၊ ဒုတိယလူ့အခွင့်အရေးဦးစီးမှူးနှင့် အငယ်တန်းစာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဝင် သင်တန်း၊ (၁/၂၀၂၆) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၁၀-၂-၂၀၂၆ ရက်နေ့၊ ၁၀ နာရီအချိန် တွင် အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ် ရန်ကုန်မြို့၊ ကော်မရှင်ရုံး Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံးအရာထမ်းများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

   အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ ကော်မရှင်တွင် ခန့်အပ်ပြီးဖြစ်သော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး ချောမွေ့အောင်မြင်စွာ ထမ်းဆောင်နိုင်ကြစေရန်နှင့် လုပ်ငန်းခွင်မှာ လိုက်နာဆောင်ရွက်ရမည့် ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းများ၊ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ဝတ်များ လိုက်နာဆောင်ရွက်စေရန်အပြင် ကိုက်ညီစေဖို့နှင့် ဝန်ထမ်းအချင်းချင်းစည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင်စေဖို့၊ အဓိကအားဖြင့် ကော်မရှင်၏ လုပ်ငန်းများ ပြည့်ပြည့်စုံစုံနဲ့ အောင်မြင်ထိရောက်စွာ ဆောင်ရွက် နိုင်သော ဝန်ထမ်းများဖြစ်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် အတွက် ကော်မရှင်၏ လုပ်ငန်းစီမံချက်ပါ ပန်းတိုင်(၇) တွင်ပါရှိသည့် ကော်မရှင်၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးကို အကောင်အထည်ဖော်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဝင်သင်တန်းကို ၂၀၂၅ ခုနှစ်တွင် (၂)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုသင်တန်းသည် ၂၀၂၆ ခုနှစ် အတွင်း ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဝင်သင်တန်းဆိုသည်မှာ အမှန်စင်စစ် ဘဝတက္ကသိုလ်၏နိဒါန်း ဟုဆိုနိုင်ပါကြောင်း၊ ရုံးလုပ်ငန်းခွင်တွင် စည်းမျဉ်း၊ စည်းကမ်း ကျင့်ဝတ်တို့ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိဘဝ ပျိုးထောင်မှု အခြေခံများကို ရရှိသွားစေမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်ကြားသူများက စေတနာ၊ မေတ္တာထား၍ အတွေ့အကြုံများနှင့် ပေါင်းစပ် ကာ သင်ကြားပေးသွားရန် တိုက်တွန်းပါကြောင်း၊ သင်တန်းသားများလည်း ကြိုးစားနာယူ မှတ်သား ကာ ကော်မရှင်၏ အဓိကရည်မှန်းချက် တာဝန်ကြီးဖြစ်သော လူ့အခွင့်အရေးကို လေးစားလိုက်နာ သည့် လူမှုပတ်ဝန်းကျင် ဖော်ဆောင်ရေးအတွက် စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားပါသည်။

   လုပ်ငန်းခွင်ဝင်သင်တန်းကို ၁၀-၂-၂၀၂၆ ရက်နေ့မှ ၂၀-၂-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ