မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၅၁) အစည်းအဝးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိရာ အသက် ၁၈ နှစ် အောက် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၃၃ ဒသမ ၃၁ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြကြောင်း၊ အဆိုပါကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့်သန့်ရှင်းမှုဆိုင်ရာဝန်ဆောင်မှု၊ ပညာသင်ကြား ခွင့်ဆိုင်ရာအခွင့်အရေးများကို အကန့်အသတ်ဖြင့်သာရရှိနေကြသဖြင့် နိုင်ငံတော်အနေဖြင့် မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး အသက်ရှင်သန်ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက်ကာကွယ်မှုများ ပေးလျက်ရှိကြောင်း။
အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီရှစ်ခုဖွဲ့စည်း၍ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးကိုရှေးရှု၍ ကော်မတီအနေဖြင့် အမျိုးသားအဆင့် စီမံချက်ပါလုပ်ငန်းအစီအမံများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ပထမငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)ကို သက်ဆိုင်ရာကဏ္ဍများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဒုတိယငါးနှစ်လုပ်ငန်းစီမံ ချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Posted on Nov 27, 2025သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅...
Posted on Nov 27, 2025လျှောက်လွှာပုံစံ- Form
