မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေ
မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေ
Ministry of Information/ Naypyitaw / January 22, 2025
နေပြည်တော် ဇန်နဝါရီ ၂၁
မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေခြင်းဆွေးနွေးပွဲအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
အွန်လိုင်းစနစ်ဖြင့် တက်ရောက်
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့မှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တရုတ်နိုင်ငံ GACC မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပိုမိုထုတ်လုပ်လာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှုပိုလျှံသည်များကို ပြည်ပဈေးကွက်သို့တင်ပို့ရောင်းချရကြောင်း၊ ယခုအသိ ပညာမျှဝေခြင်းအစီအစဉ်၌ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့သည့် လုပ်ငန်းစဉ်များ၊ လိုအပ်သောစာရွက်စာတမ်းများ၊ စံနှုန်းလိုက်နာမှုအပါအဝင် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံကြား စျေးကွက်ထိုးဖောက်မှုမဟာဗျူဟာများကို သိရှိနားလည်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား စီးပွားရေးကဏ္ဍအတွက် အတားအဆီးများနှင့်အခက်အခဲများ လျော့နည်းလာစေရန် တင်ပို့မှုဆိုင်ရာလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးနိုင်ကြမည်ဖြစ်ကြောင်း၊ အလားတူကုန်သွယ်မှုလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေပြီး မြန်မာနှင့်တရုတ်ကုန်သည်များအကြား အသိပညာနှင့် အတားအဆီးနည်းသော ကုန်သွယ်မှုအလေ့အကျင့်များကို မျှဝေခြင်းဖြင့် ဆက်ဆံရေးပိုမို ခိုင်မာလာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ နေပြည်တော်ရုံးခွဲ ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသည့် အဓိကလုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 22, 2025
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 19, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Posted on Jan 21, 2025ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 20, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 20, 2025စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။