မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းပြီးစီး
မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းပြီးစီး
Ministry of Information/ Naypyitaw / January 03, 2025
နေပြည်တော် ဇန်နဝါရီ ၂
မြန်မာ - ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား လူမှုစီးပွားဆက်ဆံမှု ပိုမိုမြင့်မားခိုင်မာတိုးတက်စေရေး ကူညီဆောင်ရွက်ပေးရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ နှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှုကို ကဏ္ဍအားလုံး ဆက်လက်တိုးမြှင့်ဆက်ဆံသွားနိုင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ဂျပန်အစိုးရအပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်သည့် ဘက်စုံအထောက်အကူပေးမှုစီမံကိန်းများနှင့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ပေးရန်အတွက်လည်းကောင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း( Myanmar - Japan Friendship Association) သည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ ပြည်တွင်းအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်တွင်းအသင်းအဖွဲ့ (ယာယီ) မှတ်ပုံတင်လက်မှတ် အမှတ် “ပြည်တွင်း / ၀၂၂၆ ( ၂၀၂၂ ) ” ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်သည်။
မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်းသည် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေဇဗ္ဗူရေးဗားဗျူးကွန်ဒို၊ အမှတ် ၂၃ ( ဂျီ - ၁ ) ၊ ပထမထပ် ဖွင့်လှစ်ထားရှိ၍ မြန်မာ - ဂျပန် ချစ်ကြည်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. (1/2025)
Posted on Jan 5, 2025မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
Posted on Jan 5, 2025