မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / January 03, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂

မြိတ်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ သာစည်မြို့နယ်နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲတွင် မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ကလွင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မဝင်းဝင်းနွယ် (ခ) မီးပုတ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၉ နာရီခွဲတွင် ၎င်းနေထိုင်သည့် ကလွင်ကျေးရွာရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု လွယ်စီတုံကျေးရွာအနီးတွင် ပိုင်ထက် (ခ) ရွာသားမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် လွယ်စီတုံကျေးရွာရှိ ချစ်အေး (ခ) ထားဝယ်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ဆုစန္ဒီဝင့်ထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၁၁၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ မြင့်ဇော်မိုး (ခ) ဦးချို (ခ) ဘူးချို ငှားရမ်းနေထိုင် သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးကက်တမင်း ၀ ဒသမ ၀၅ ကီလိုကိုလည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက် နယ်မြေ (၁) ရှိ နိုင်လင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ဆွေဝင်း၊ မခင်နွယ်ဦးတို့အား တွေ့ရှိပြီး နေအိမ်မှ ဘိန်းစိမ်း ၄၄ ဒသမ ၄ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024
HOT NEWS
January 4,