မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / December 03, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ   ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။


     အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်း မိုင်တိုင်အမှတ် ၁၇ မိုင် ၇ ဖာလုံနှင့် ၁၈ မိုင်အကြား ပျဉ်သာကျေးရွာအနီးရှိ တံတားအမှတ်(၆/၁၈)၊ အလျား ၁၂၀ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန် ၄၅ တန်ခန့်ရှိ သံကူကွန်ကရစ် အမျိုးအစား ဒေသအခေါ် ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ မှုကြောင့် တံတားထိပ်ပိုင်းတွင် အကျယ် ၅ ပေခန့်ရှိ ကွန်ကရစ်ကြမ်းခင်းနှင့် ကွန်ကရစ်ထိန်း သံတိုင်များ ပြိုကျပျက်စီးသွားခဲ့သည်။

     ၂၀၂၄ ခုနှစ်၊ မတ် ၆ ရက်ကလည်း အဆိုပါတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားအရှည်ပေ ၃၀ ခန့်ပျက်စီးခဲ့ပြီး အများပြည်သူသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများမှ ဆက်သွယ်သွားလာမှုများ လွယ်ကူစေရေးအတွက် သံကူကွန်ကရစ်ဖြင့် ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်မွမ်းမံထားရှိသည့် တံတားအား ယခုအခါ ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

     အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်မြေဒေသတည်ငြိမ်းအေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025
HOT NEWS
January 4,