မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံအဆောက်အအုံ တစ်လုံး ပျက်စီးဆုံးရှုံးကာ အပြစ်မဲ့ အရပ်သား ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံအဆောက်အအုံ တစ်လုံး ပျက်စီးဆုံးရှုံးကာ အပြစ်မဲ့ အရပ်သား ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / December 03, 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇော်နိုင်(ခ)ဦးမင်းလွင်(၄၁)နှစ်၏ ရော်ဘာခြံအတွင်းသို့ Drop Bomb ဗုံးသီး နှစ်လုံးနှင့် ကျေးရွာအလယ်ပိုင်းရှိ တိုက်နယ်ဆေးရုံဝင်းအတွင်းသို့ Drop Bomb ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ RC တစ်ထပ်၊ သွပ်မိုး နှစ်ခန်းတွဲ ဆရာဝန်နေအိမ်လိုင်းခန်း အမိုးသွပ် နှစ်ချပ်နှင့် မျက်နှာကြက်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေ သူများဖြစ်ကြသည့် ဦးဇော်နိုင်(ခ)မင်းလွင်နှင့် ဇနီးဖြစ်သူ ဒေါ်ပိုင်သက်(၃၄)နှစ်တို့ နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ဆေးရုံအဆောက်အအုံ တစ်လုံး ပျက်စီးဆုံးရှုံးကာ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုများအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံ နိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Myanmar National Human Rights Commission Statement (16/ 2025)
Posted on Dec 3, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Posted on Dec 2, 2025ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Posted on Nov 29, 2025ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
