ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 06, 2026
၂၀၂၆ ခုနှစ်၊ မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁ မိုင် ၃ ဖာလုံအနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ ဇေယျာလင်း(၃၈)နှစ် မောင်းနှင် လာသည့် MDY-12/4K-XXXX VOLKSWAGEN POLO မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်း၏အရှေ့မှ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပုဏ္ဏားကုန်းကျေးရွာနေ ဦးကျော်နိုင်မင်း(၄၈)နှစ် မောင်းနှင်လာသည့် MDY-15/ 3I-XXXX Express ခရီးသည်တင်မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့သဖြင့် ဇေယျာလင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အောင်မြေသာစံမြို့နယ်နေသူများဖြစ်ကြသည့် ဒေါ်ခိုင်နေဇော် (၄၀)နှစ်၊ မထွန်းအိန္ဒြာလင်း(၁၅)နှစ်၊ မောင်ထက်ဝေယံလင်း(၁၂)နှစ်နှင့် မမေရတနာလင်း(၁၀)နှစ် တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇေယျာလင်း အား အမှတ်(၃)အမြန် လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
Posted on Mar 6, 2026၁။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း
Posted on Mar 6, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း
