ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မဈေး၌ ဆိုင်ခန်းများ မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မဈေး၌ ဆိုင်ခန်းများ မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 15, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၃ ရက် ည ၁၀ နာရီ ၁၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မဈေး၌ ဈေးရုံအမှတ်(B)အတွင်းရှိ ဆိုင်ခန်းအမှတ်(၃၉) ပိုင်ရှင် ဦးမင်းခန့်ကျော်(၃၈)နှစ်၏ ၉ ပေ x ၁၂ ပေ၊ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း “လှလှမော် ရွှေပန်းထိမ်” ဆိုင်ခန်းတွင် ရွှေအား မီးဖုတ်ရာတွင်အသုံးပြုသော သစ်သားတုံးမှ အပူကျန်ရှိ၍ အနီးရှိစက္ကူပုံးသို့ အပူကူးစက်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ  ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါ မီးလောင်မှုကြောင့် ၉ ပေ x ၁၂ ပေ၊ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဆိုင်ခန်း ၁ ခန်းနှင့် ဆိုင်ခန်း ၆ ခန်း၏ မျက်နှာကြက်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမင်းခန့်ကျော် အား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026
AnnouncementsExplore more >

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း

Posted on Mar 15, 2026

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း