ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 04, 2026
ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်းရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းတစ်လျှောက် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အင်းဂလိုင်ချောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အများပြည်သူသုံးအားကစားကွင်းကို အများပြည်သူများ လွယ်ကူစွာလာရောက် ကစားနိုင်ရေးအတွက် အဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ရွှေပြည်သာမြို့နယ် ရွှေပြည်သာတံတားဆင်းနေရာကို ယာဉ်များသွားလာရာတွင် အဆင်ပြေစေမှုရှိစေရန် လမ်းသားအား ညီညာစွာပြုပြင်ပေးရန်မှာကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်း အတွင်း သန့်ရှင်းသာယာလှပစေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ရွှေပြည်သာမြို့နယ် လှော်ကားလမ်းပေါ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ပိုင်မြေနေရာ၌ ပန်းခြံဖော်ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
