ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / March 10, 2026
၂၀၂၆ ခုနှစ်၊ မတ် ၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၈ နာရီ ၂၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ကလင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၂၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့ နယ်၊ လိုက်ကတူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အား လည်းကောင်း၊
ထို့အတူ နံနက် ၈ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၄၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဝင်ညွှန်ကြားလွှာ
