ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / March 06, 2026
၂၀၂၆ ခုနှစ်၊ မတ် ၄ ရက်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုင်းတုံမြို့နယ်၊ နောင်လျဲန်ကျေးရွာနေ ဦးအောင်ဇော်နောင်(၃၄)နှစ် မောင်းနှင် လာသည့် MDY-32/3R-XXXX NISSAN X-TRAIL မော်တော်ယာဉ်နှင့် ကျိုင်းတုံမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ ကိုထွန်းထွန်းဝင်း(၂၃)နှစ် မောင်းနှင်လာသည့် SHN-7/5M-XXXX NISSAN X-TRAIL မော် တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော် ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ဇော်နောင် အား ကျိုင်းတုံမြို့မရဲစခန်း (ပ)၃၄/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊ ထွန်းထွန်းဝင်း အား ကျိုင်းတုံမြို့မရဲစခန်း (ပ)၃၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ပေါင်းပိန်း လုံခြုံရေးဂိတ်၌ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ခေါင်တိုင်ကျေးရွာမှ တောင်လေးလုံးကျေးရွာဘက်သို့ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရတနာရပ်ကွက်နေ ဦးလီရှိန်လီ(ခ)ရန်နိုင်ဦး(၃၄)နှစ် မောင်းနှင်လာသော SHN-38/3N-XXXX TOYOTA MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လီရှိန်လီ(ခ)ရန်နိုင်ဦး အား ညောင်ရွှေမြို့မရဲစခန်း (ပ)၂၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
Posted on Mar 6, 2026၁။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း
Posted on Mar 6, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း
